Ning Shu -1017- unicode

1.6K 296 8
                                    

အခန်း 1017 - နတ်ဆိုးတစ်ကောင်နှင့်တူသော ယောကျ်ား

"ရှေ့နေရွှီ၊ ခဏနေပါဦး"

သူမတို့နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် ဖြတ်သွားတော့မယ့်အခါမှာပဲ ချူရှောင်ရန်က ရုတ်တရက် နဉ်ရှုကို ခေါ်လိုက်တယ်။ နဉ်ရှု သူ့ကို လှည့်ကြည့်လိုက်တယ်။ ချူရှောင်ရန်က အရပ်ရှည်ပြီး ကြည့်ကောင်းလေတယ်။ လက်ထဲမှာ ပန်စည်းကို ကိုင်ရင်း နေရောင်အောက်မှာ မတ်တပ်ရပ်နေတဲ့အချိန်မှာ သူ့ကို ကြည့်ရတာ အလွန်တရာကိုမှ ချောမောနေတယ်။ ဖြတ်သွားသူတော်တော်များများက လမ်းလျှောက်နေရင်းကနေ ငေးကြည့်သွားကြသေးတဲ့အထိပဲ။

နဉ်ရှုရဲ့နှလုံးသားထဲ စကားလုံးလေးလုံး ပေါ်လာတယ်။ လူချမ်းသာအရည်ခွံခြုံထားတဲ့ သားရဲတစ်ကောင်ပဲ။

သူက သူ ဘာကိုပဲ လိုချင်ပါစေ၊ သူ့လွှမ်းမိုးနိုင်စွမ်းနဲ့ ချမ်းသာကြွယ်ဝမှုကို မှီခိုလို့နေတယ်။

နဉ်ရှုက မျက်ခုံးတွေကို ပင့်လို့ သူ့ကို မေးလိုက်တယ်။

"ဥက္ကဌချူ...တစ်ခုခုများ လိုအပ်လို့လား"

ချူရှောင်ရန်က မေးလာတယ်။

"မင်း အလုပ်ထွက်လိုက်ပြီ ကြားတယ်။ ပြောင်းလာဖို့ စဉ်းစားပြီးသွားပြီလား?"

နဉ်ရှု တော်တော်လေး ဆွံ့အသွားတယ်။ သူ့မိန်းမက ကိုယ်ဝန်ပျက်ကျတာလေ။ အဲ့ဒါဘာကြောင့် သူ့မိန်းမကို စိတ်ပူနေရမယ့်အစား ရွှီဝမ်လန်ရဲ့ အလုပ်အကြောင်း လာစပ်စုစိန်လုပ်နေရတာလဲ။ ချူရှောင်ရန်က သူမအကြောင်း တကယ်ကြီး အရေးစိုက်နေတယ်ဆိုတာ နဉ်ရှု ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူး။

"ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး။ နောက်ကျ စဉ်းစားလိုက်ပါ့မယ်"

နဉ်ရှုက ပြန်ဖြေလိုက်တယ်။

ချူရှောင်ရန်က ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလာတယ်။

"ကျွန်တော်ကတော့ ခင်ဗျားကို ပြောပြီးသားပဲနော်။ ခင်ဗျား ကျွန်တော့်အောက်မှာ အလုပ်လာလုပ်နိုင်တယ်။ ခင်ဗျား အလုပ်ကနေ ထွက်လိုက်ပြီ ဆိုမှတော့ ကျွန်တော့်ရဲ့ရှေ့နေ လာလုပ်ပေါ့"

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now