1013

1.5K 273 3
                                    

အခန်း ၁၀၁၃ - နှုတ်ထွက်မှ ရမယ်။

နဉ်ရှုက ရုံးက ဘော့စ်ပြောတာကို ကြားတော့ သူမ သိလိုက်ပြီ။ ဒါက ချူရှောင်ရန်ရဲ့ အကြံပဲ။ သူမကို ချောင်ပိတ်ဖို့ သူ့လွှမ်းမိုးနိုင်စွမ်းကို ထုတ်သုံးလိုက်တာပဲ။

ရှရှောင်မန်က ချူရှောင်ရန် စိတ်ဆိုးအောင် ထပ်လုပ်ပြန်ပြီလား။ သူက နဉ်ရှုကိုတောင် လာတိုက်ခိုက်နေပြီ။

ရှရှောင်မန်က ချူရှောင်ရန် စိတ်ဆိုးအောင် လုပ်မိတိုင်း ချူရှောင်ရန်က သူ့ရဲ့ဆန္ဒအတိုင်း လိုက်နာအောင်လို့ ရှရှောင်မန်ကို နာကျင်အောင် လုပ်လေတယ်။ ဒါ့အပြင် ရွှီဝမ်လန်ကလည်း ရှရှောင်မန်ရဲ့ အားနည်းချက်လို ဖြစ်နေပြန်တယ်။ နောက်ပြီး ချူရှောင်ရန်ကလည်း ရှရှောင်မန်နဲ့ အတိတ် ရှိထားတာမို့ ရွှီဝမ်လန်ကို သဘောမကျပေ။

ချူရှောင်ရန်က ရှရှောင်မန်ကို သူ့ရဲ့အိမ်မွေးတိရစ္ဆာန်လို သဘောထားပြီး ဆက်ဆံတာသာ ဖြစ်တယ်။ ဒီအိမ်မွေးကောင်လေးက သူ့ကို သစ္စာရှိရမှာ ဖြစ်ပြီး သူမရဲ့ကိုယ်ပိုင်အတွေးတွေကို မွေးမြူဖို့ရာ ခွင့်မပြုနိုင်ပေ။ သူက ရှရှောင်မန်ရဲ့ အားနည်းချက်ကို အသုံးချပြီး သူ့ဆန္ဒတွေကို လိုက်လျောပေးအောင်လို့ ရက်စက်တဲ့ နည်းဗျူဟာတွေ သုံးပြီး သူမရဲ့ လေထဲက အိပ်မက်တွေကို အကုန်ဖျက်စီးပစ်လိုက်မှာပင်။

“ဝမ်လန်၊ မင်းဘာသာမင်း နှုတ်ထွက်စာ ရေးလိုက်ချေ။ ဒီနည်းနဲ့ဆို မင်းဘာသာမင်း နှုတ်ထွက်ဖို့ လက်ဦးမှုယူလို့ ရပြီ။ ထုတ်ခံရတယ်ဆိုတာ မင်းရဲ့ ဂုဏ်သတင်းအတွက် မကောင်းဘူး။ အထူးသဖြင့်… ဒီလုပ်ငန်းခွင်မျိုးမှာပေါ့။ ငါမင်းကို စိတ်ပျက်စေမိပြီ။ ဒါပေမယ့် ဒီလုပ်ငန်းလောကမှာ တစ်ခါတလေ ညှိနှိုင်းဖို့တွေ အမြဲတမ်း လိုအပ်တယ်။”

ဘော့စ်က အကူအညီမဲ့နေတဲ့ လေသံနဲ့ ပြောလာတယ်။

“ကျေးဇူးပါပဲ။ ကျွန်တော် အခု သွားရေးလိုက်ပါ့မယ်”

ဘော့စ်မှာ ရွေးချယ်စရာ မရှိလို့ လုပ်လိုက်ရတာဆိုတာ နဉ်ရှုလည်း သိပါတယ်။ ဒီရှေ့နေအကျိုးဆောင်လုပ်ငန်းက အရမ်းမကြီး။ ဒါ့ကြောင့်မို့ ချူရှောင်ရန်လိုလူက ဒီလို လုပ်ငန်းမျိုးကို လက်ကလေး လှုပ်ရုံနဲ့ လွယ်လွယ်ကူကူပဲ ဖျောက်ပစ်လိုက်နိုင်တယ်လေ။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now