1029 - Unicode

1.4K 322 9
                                    

နဉ်ရှု - အခန်း ၁၀၂၉

သူမကို ညစာစားပွဲသို့ ဖိတ်ကြားသည်မှာ သူမရှေ့၌ အချစ်ငှက်ပုံစံအား ပြသဖို့ရာ ဖြစ်နိုင်သည်။

နဉ်ရှုသည် မျက်နှာထားအား တစ်ချက်ပင် ပြောင်းလဲမသွားစေဘဲ ပြောလိုက်၏။

"အခုတလော နည်းနည်းအလုပ်များနေတာလေ။ ကျွန်တော့်မှာ ကုမ္ပဏီအများကြီးကို စာရင်းစစ်ဖို့ သွားရဦးမှာ။ ကျွန်တော့်ဘဝက ဥက္ကဌချူလောက် မကောင်းတာမို့လို့ လှဲနေရင်းနဲ့ ပိုင်ဆံရေမနေနိုင်ဘူး။ ဥက္ကဌချူ... နောက်တစ်ခါ စာရင်းတွေကို သေချာမှန်အောင် လုပ်ထားပါဦးနော်။ နောက်တစ်ကြိမ်ထပ်ရှိလာရင် ခင်ဗျားသေချာပေါက် တရားစွဲခံရတော့မှာ..."

နဉ်ရှု ပြောပြီးသွားတော့ သူမ လှည့်ထွက်လာခဲ့သည်။ ဘာညစာစားပွဲလဲ? ချူရှောင်ရန်က အာဏာလာပြချင်နေတာပဲ။

သူမ ဒီလိုအချိန်ဖြုန်းမည့်အစား အခမဲ့တရားခွင်၌သာ သွားတိုက်ခိုက်ချင်လှသည်။ ချုရှောင်ရန်နဲ့ ရှရှောင်မန်တို့ရဲ့ဆက်ဆံရေးက ဘယ်လိုပဲဖြစ်နေပါစေ။ သူမ စိတ်မဝင်စားသလို၊ ကြားလည်း မကြားချင်၊ အဖက်လည်း လုပ်ချင်စိတ်မရှိပါချေ...။

ချုရှောင်ရန်၏မျက်နှာမှာ မဲမှောင်နေကာ သူ့ရဲ့မျက်ခုံးဟာ ပြင်းထန်စွာ တွန့်ချိုး၍နေသည်။ သူ့ရဲ့ထက်မြက်သော စီးပွားရေးဉာဏ်နှင့် ပက်သက်သည့် အလိုလိုသိစိတ်က ပြောပြနေသည်မှာ ဤစုံစမ်းစစ်ဆေးခြင်းက သငေ်္ကတတစ်ခု ဖြစ်၍နေသည်။ တစ်ယောက်ယောက်က သူ့ကို တိုက်ခိုက်တော့မှာလား?

သို့သော်လည်း ချူရှောင်ရန်ဟာ တီမြို့တော်၌ သူ့ကို ထိနိုင်သည့်သူ တစ်ယောက်မျှ မရှိလောက်ဟု ယုံကြည်ချက်ရှိနေဆဲပင်။

အထက်မှလူများပင် သူ့အား မထိရဲကြချေ။ အကြောင်းကတော့ သူက လုပ်ငန်းတော်တော်များများအား လက်ဝါးကြီးအုပ်ထားသည်မို့ တီမြို့တော်၏ စီးပွားရေးအား ဂယက်ထစေနိုင်သောကြောင့်ပင်။ တီမြို့တော်၏ ဈေးကွက်အား အချိန်တိုအတွင်းမှာပင် ဝရုန်းသုန်းကားပင် ဖြစ်သွားစေနိုင်သည်လေ။

ချူရှောင်ရန်သည် ရွှီဝမ်လန်ဆိုသောသူနှင့် ပက်သက်လို့ ပိုပြီးတော့တောင် မနှစ်မြို့သလို ခံစားမိလာရသည်။ အခုတော့ ရှရှောင်မန်ကြောင့်ပင် မဟုတ်ပါတော့ချေ။ ဒီလူက မထီမဲ့မြင်ပြုသည့် အပြုအမူဖြင့် သူ့အား အတိုက်အခံလုပ်နေသောကြောင့်ပင်။ ဒီလူကို ကြည့်ရတာ နောက်ခံရှိပုံပဲ။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Dove le storie prendono vita. Scoprilo ora