1005

1.5K 285 2
                                    

အပိုင်း 1005 - ပုဒ်ထီး ပုဒ်မ တွေကို ခေါင်းထဲ သွပ်ထည့်ကြမယ်ဟေ့

နဉ်ရှုက အစထဲက နေလို့ကောင်းတာ မဟုတ်ပေ။ အခုတော့ သူမခင်မျာ ရှရှောင်မန်ဆီကနေ မရပ်မနား ပွားများသမျှကိုပါ ထိုင်နားထောင်ရပြန်တယ်။ ရှရှောင်မန် လမ်းခွဲဖို့ ပြောတာက နာရီဝက်လောက် ရှိနှင့်ပြီ။ တစ်ချိန်လုံးလည်း ငိုနေလေတယ်။ သူမရဲ့ ငိုပုံက တိတ်တဆိတ်နဲ့ မျက်ရည်တို့ ပါးပြင်တစ်လျှောက် စီးကျပြီး ငိုတာမျိုးပါပဲ။ ကြည့်ရတာနဲ့တင် စိတ်ရှုပ်စရာ ကောင်းလေတယ်။

“ကောင်းပြီလေ” နဉ်ရှု ပြန်ဖြေလိုက်တယ်။

“အစ်ကိုဝမ်လန်၊” ရှရှောင်မန်က အတင်းပြုံးယူလိုက်တယ်။

“အစ်ကိုဝမ်လန်၊ အစ်ကို ပျော်ရွှင်မှုတွေ ရှာတွေ့နိုင်ပါစေ၊ ညီမကို မေ့လိုက်ပါတော့”

ရှရှောင်မန်ရဲ့ မျက်နှာက ခဏတာမျှ ပျက်ယွင်းသွားပေမယ့် ချူရှောင်ရန်ဟာ ဘယ်လောက်ရက်စက်လဲ၊ ဘယ်လောက်ဆိုးယုတ်လဲ၊ ဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲဆိုတာ ပြန်အမှတ်ရလိုက်တယ်။ အစ်ကိုဝမ်လန်ရဲ့ အနာဂတ်အတွက် သူမ လမ်းခွဲလိုက်မှပဲ ရမယ်။

“အစ်ကိုဝမ်လန်၊ ကျွန်မ သွားနှင့်ပြီ”

ရှရှောင်မန်က မတ်တပ်ရပ်ကာ နဉ်ရှုကို ခဏလောက် စိုက်ကြည့်လိုက်ပြီး ဝမ်းနည်းစွာနဲ့ ပြုံးလိုက်တယ်။

“အစ်ကိုဝမ်လန်…”  ခေါ်ပြီးနောက် သူမ ဘာဆက်ပြောရမလဲ မသိတော့တာမို့ လှည့်သာ ထွက်သွားခဲ့တော့တယ်။

သူမရဲ့ နောက်ကျောဘက်ပုံရိပ်ဟာ ဝမ်းနည်းမှုတို့နဲ့ ပြည့်နှက်နေလေတယ်။ ခြေလှမ်းတိုင်းဟာ သူမရဲ့ အားအင်အကုန်လုံးကို ထုတ်ယူသုံးစွဲထားရတဲ့အတိုင်း ဘာမှန်းမသိတဲ့ အနာဂတ်ဆီ လှမ်းလျှောက်နေရတဲ့ ပုံပဲ။

နဉ်ရှု ကော်ဖီသောက်ခြင်းအမှု ပြီးစီးသွားပြီမို့ အိပ်ဖို့ရာ ပြန်ဖို့ ပြင်လေပြီ။ သူမ ဒီကိစ္စကို လောလောဆယ် အာရုံမစိုက်နိုင်သေးပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားဖို့ လိုအပ်နေတယ်။

သူမ ဒီတာဝန်နဲ့ ပက်သက်လို့ ဘယ်လိုဆက်သွားရမလဲ ဆိုတာ အကြမ်းဖျင်း စဉ်းစားထားတာလေးတော့ ရှိတယ်။ သူမ ချူရှောင်ရန်နဲ့ တိုက်ရိုက် ရင်မဆိုင်နိုင်သေးဘူး။ အခုလောလောဆယ် အခြေအနေအရ ဆိုးကျိုးများလွန်းနေတယ်လေ။ သူမမှာ ချူရှောင်ရန်နဲ့ တိုက်ခိုက်ဖို့ အရင်းအနှီးလည်း မရှိတာမို့ သူမ ကိစ္စတွေကို ဖြည်းဖြည်းချင်း ကိုင်တွယ်သွားရမယ်။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Место, где живут истории. Откройте их для себя