999

2.8K 294 26
                                    

Chapter 999 - အနက်ရောင်လေကာအကျီႋ

နဉ်ရှုက စကားနည်းနည်းလောက်အတွက် အမှတ် ၃,၀၀၀ တောင် ပေးရမယ်လည်း ကြားရော သူမ ရှော့ခ်ရလွန်းလို့ အတွင်းဒဏ်ရာတောင် ရတော့မလို့။ ဘယ်လိုတောင်လဲ။ အဲ့ဒါက ဒီလောက်တောင် ကုန်ကျတယ်လား။ ဓားပြပဲ တိုက်လိုက်ပါတော့လားဟဲ့။

"အမ်. . . ဈေးနှုန်းလေးက အရမ်း မြင့်မနေဘူးလား"

နဉ်ရှုက ရှက်ကိုးရှက်ကန်းနဲ့ မေးလိုက်လေတယ်။

အဲ့အမျိုးသားရဲ့ မျက်ခုံးတွေက တွန့်ချိုးသွားလေတယ်။

"မင်းက အလကားရဖို့များ ကြိုးစားနေတာလား"

နဉ်ရှု : →_→

သူမရဲ့နှလုံးသားလေးတော့ သွေးထွက်သွားပြီ။

"ဒါကို စကားနည်းနည်းလောက် လို့ သဘော မထားရဘူး။ ဒီအသိပညာက တာဝန်ထမ်းဆောင်သူတွေ အများကြီးဆီကနေ စုစည်းထားတာ။ အဲ့အချက်အလက်က အမှတ် ၃,၀၀၀ တန်တယ်လို့ မထင်ရဘူးလား။"

အမျိုးသားက နဉ်ရှုကို လက်ပိုက်လျက် ကြည့်လာတယ်။ သူ့စိတ်နေစိတ်ထားက ရှေးခေတ်က အထက်တန်းစား တစ်ယောက်လိုပဲ။

နဉ်ရှုမှာ ပေးရုံကလွဲလို့ ရွေးချယ်စရာ ရှိမနေဘူး။ သူမရဲ့ ရမှတ်တွေထဲကနေ အမှတ် ၃၀၀၀ တောင် ထွက်သွားပြီ။ သူမ အသည်းကွဲသွားသလို ခံစားလိုက်ရတယ်။ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်မှုကြောင့် ပြိုလဲတော့မယ်။

ခဏလောက်ကြာအောင် ဟိုသွားဒီသွားနဲ့ ခြေဆော့လက်ဆော့ လုပ်မိတာ အမှတ်တွေ အငွေ့ပျံသွားပြီ။

သူမ အခန်းအပြင် ပြန်ထွက်မယ် လုပ်တုန်း သူမရဲ့ ဝိညာဉ်က ကွဲထွက်သွားတော့ မလိုတောင် ထင်ရတယ်။

ထားလိုက်တော့။ ဒီရမှတ်တွေကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ သုံးခဲ့တာပဲဟာကို။ အနည်းဆုံးတော့ သူမမှာ ပန်းတိုင်လေး ရှိသွားခဲ့ပြီလေ။

အလုပ်ကြိုးစားစမ်း ! နဉ်ရှုက နှုတ်ခမ်းလေး တုန်တုန်ရီရီနဲ့ပဲ သူမဘာသာသူမ တိတ်တဆိတ် အားပေးလိုက်တယ်။

သူမရဲ့ ကျနေတဲ့ စိတ်ဓာတ်အတွက် ဗိုက်လေးသွားဖြည့်ဖို့ စားသောက်ဆိုင်ဆီ သွားဖို့ ဆုံးဖြတ်လိုက်တယ်။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now