1022 - Unicode

1.4K 286 2
                                    

အခန်း ၁၀၂၂

နဉ်ရှု သူမ၏ကိုယ်ပိုင်‌ဥပဒေလုပ်ငန်းအား စတင်တည်ထောင်ဖြစ်ခဲ့သည်။ သူမ အတော်လေးကို အဆင်ပြေလှသည့်ခရိုင်တစ်ခုကို ရွေးချယ်လိုက်၏။ အချိန်တစ်ခုလောက်တော့... ဤလုပ်ငန်း၌ သူမတစ်ယောက်တည်းသာ ရှိနေဦးမည်သာ...။ အဲ့နောက် သူမ ကောင်မလေးတစ်ယောက်အား အချက်အလက် စုစည်ခြင်း၊ ကော်ဖီဖျော်ခြင်းမျိုးတို့ ကဲ့သို့သော...ကိစ္စအဝဝတို့ကို ကိုင်တွယ်ဖို့ရန်အလို့ငှာ ငှားရမ်းလိုက်၏။

သူမ၏ လုပ်ငန်းသည် အခုမှ စလုပ်သည်မို့ အမှုအကြီးကြီးတော့ ...ရဖို့ရာ မဖြစ်နိုင်သေးပေ။ ဒါ့ကြောင့် သူမ တီမြို့က အစိုးရရုံးဆီ သွားပြီး ကောင်စီမှ ထောက်ခံစာကို ယူသွားပြသည်။ သူမ ပြောလိုက်သည်မှာ သူမ ဥပဒေအကြံပေးလုပ်ငန်းအား တည်ထောင်ဖို့ စီစဉ်ထားကြောင်းနှင့်၊ ဒီလုပ်ငန်းဟာ ကုသိုလ်ဖြစ်ပါ,ပါဝင်သော အမြတ်ရှာသည့် အဖွဲ့အစည်းမျိုး လုပ်မည် ဖြစ်ကြောင်း ရှင်းပြလိုက်သည်။

ဝင်ငွေနည်းပါးသည့် လူတွေအတွက်တော့ ဤဥပဒေအကြံပေးလုပ်ငန်းဟာ အခကြေးငွေမယူဘဲ ဆောင်ရွက်ပေးမည်သာ။

နဉ်ရှုက အစိုးရအား ကြိုတင်ပြီး အသိပေးထားရုံလောက်ပါပဲ။

အစိုးရက ဒီလိုမျိုး အေဂျင်စီတွေကိုဆို ထောက်ပံ့ပေးတတ်သည်လေ။ နဉ်ရှုက တရုတ်ကောင်စစ်ဝင်ရုံးဆီကပါ ထောက်ခံစာရထားသည်မို့ နဉ်ရှု၏ လုပ်ငန်းတရားဝင်ကြောင်းထောက်ခံချက်မှာ လျင်မြန်စွာပဲ ရလိုက်သည်။

ဥပဒေလုပ်ငန်းကို သူမဘာသာသူမတစ်ဦးတည်းသာဆို ကိုင်တွယ်ဖို့ဟာ အမှန်ပင် ခက်ခဲနိုင်သည်မို့၊ ကောင်စစ်ဝင်ရုံးမှ ရှေ့နေတွေနှင့် အဆက်အသွယ်လုပ်ထားသေး၏။ သူတို့သာ တရုတ်ကို ပြန်လာခဲ့ရင် သူမရဲ့လုပ်ငန်းကို လာကြည့်ဖို့ရန်ပါ ဖိတ်ထားလိုက်သေးသည်။

သူမ၏ လုပ်ငန်းဖွင့်ပွဲသို့ တက်ရောက်ရန် လူတော်တော်များများကို နဉ်ရှု ဖိတ်ကြားထားခဲ့သည်မှာမှန်သော်ငြား အံအားသင့်စွာပင် အစိုးရရုံးမှ လူတော်တော်များများဟာ လုပ်ငန်းဖွင့်ပွဲသို့ လာရောက်,ပါဝင်ဆင်နွှဲပေးခဲ့ကြသည်။ ဒါနဲ့ပက်သက်ပြီး ဆိုလိုတာကတော့ အစိုးရဟာ သူမ၏ ဥပဒေလုပ်ငန်းအား ကျောထောက်နောက်ခံလုပ်ပေးမည်ဟု ဆိုလိုနေခြင်းပင်။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now