1024 - Unicode

1.6K 297 6
                                    

အခန်း - ၁၀၂၄ : အစ်ကိုဝမ်လန်၊ ညီမကို ကူညီပါဦး

"အစ်ကိုဝမ်လန်၊ အစ်ကို့ကို ညီမစိတ်ပျက်စေခဲ့မှန်း သိပါတယ်။ ညီမတို့က လက်ထပ်ဖို့ထိ ဖြစ်ခဲ့ကြတာကိုး။ ဒါပေမယ့် ညီမကြောင့်နဲ့... အစ်ကို့ကို ထိခိုက်စေခဲ့မိတယ်။ ညီမ တောင်းပန်ပါတယ်။"

ရှရှောင်မန်၏ မျက်နှာထက်၌ အပြစ်ရှိစိတ်နှင့် အကူအညီမဲ့ခြင်းတို့ဖြင့် ပြည့်နေတော့၏။

နဉ်ရှုသည် သူမ၏ ခေါင်းအား ယမ်းခါလိုက်သည်။

"အဲ့ဒါတွေအားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ညီမလည်း ညီမရဲ့ ပျော်ရွှင်မှုကို ရှာတွေ့မှာပါ။ ဘာပဲဖြစ်ဖြစ် အစ်ကိုတို့က ဒီတိုင်း ဘဝထဲကို ခဏ,လာခိုနားခဲ့ကြဖူးတဲ့ ဧည့်သည်သက်သက်ပဲလေ"

နဉ်ရှုသည် အတော်လေး စိတ်ရှုပ်နေခဲ့သည်။ ဒီထိ ပြေးလာတာ ဘာပြောဖို့များရှိလို့လဲ? ။ သူမ ခံစားမိသည်။ ရှရှောင်မန်သည် အတော်လေး တုံးအသည်။ ချူရှောင်ရန်သာ သူမ ဒီကို လာခဲ့မှန်း သိသွားပါက သူမ ပြန်ရောက်သည်နှင့် အပြစ်ပေးခံရဦးမည်။

ကြည့်ရတာ တကယ်ကြီး ရှရှောင်မန်က ပြစ်ဒဏ်ပေးတဲ့နည်းကို ကျေနပ်တဲ့ပုံပဲ။

"တစ်ခုခုကြောင့်များ လာတွေ့တာလား"

နဉ်ရှုသည် နားထင်အား နှိပ်နယ်လိုက်၏။

အပြစ်ရှိစိတ်တို့နှင့် ပြည့်နှက်နေကာ ခါးသီးလျက်ရှိသည့် မျက်နှာအမူအရာအား နဉ်ရှု မမြင်ချင်ပါပေ။ ကြည့်မြင်နေရတာနှင့်တင် စိတ်အနှောင့်အယှက် ဖြစ်ရသည်။

ရှရှောင်မန်က သူမ စိတ်မကောင်းရကြောင်း ဆက်ပြောနေသည်မှာ တကယ်တမ်း သူမ၏ အမှားအား သိမြင်၍ မဟုတ်ပေ။ ရှရှောင်မန်က တောင်းပန်ရသည်နှင့် ကျင့်သားရနေခြင်းကြောင့်သာ။ အတွင်းထဲမှာ သူမ ဘာတွေတွေးလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ?

"အစ်ကိုကြီးဝမ်လန်..."

ရှရှောင်မန်သည် တစ်ခုခု ထုတ်ပြောချင်သည့်အလား နှုတ်ခမ်းသားအား ဖိကိုက်လိုက်ပေမယ့် ပြောရခက်နေဆဲပင်။ သူမ၏ မျက်နှာမှာ ရှုံမဲ့နေကာ မြင်လို့တောင် မကောင်းပေ။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now