1003

1.7K 282 0
                                    

Chapter 1003: ကော်ဖီဆိုင်၌ တွေ့ဆုံခြင်း

ရှရှောင်မန်က ဖုန်းထဲမှာ ဆက်ငိုနေဆဲမို့ နဉ်ရှု သည်းမခံနိုင်စွာပဲ

"ရှောင်မန်…ဘာဖြစ်ထားလို့လဲ"

"အစ်ကိုဝမ်လန်. . . အစ်ကိုဝမ်လန်. . ."

ရှရှောင်မန်က ဆက်လက်ငိုနေပြီး နဉ်ရှုရဲ့ နာမည်ကလွဲ ဘာမှဆက်မပြောလေဘဲ နာမည်ကိုသာ ခေါ်နေလေရဲ့။

ငိုလို့ဝသွားတာ့ ရှရှောင်မန်က အနည်းငယ် စိတ်ငြိမ်သွားပုံပေါ်ကာ နဉ်ရှုနဲ့ ကော်ဖီဆိုင်မှာ တွေ့ဆုံဖို့ရာ တောင်းဆိုလာခဲ့တယ်။

ငါတို့နှစ်ယောက်က တံခါးလေးတစ်ချပ်ပဲ ခြားတာလေ။ အဲ့ဒါတောင် ကော်ဖီဆိုင်မှာ တွေ့ချင်တယ်?? နဉ်ရှု ငြင်းလိုက်ချင်ပေမယ့် ရှရှောင်မန်က အဆက်မပြတ် ရှိုက်ငိုနေလေတယ်။ နဉ်ရှု ဖုန်းချပြန်ရင်လည်း သူမက ဆက်ခေါ်နေတုန်းပဲ။

နဉ်ရှုမှာ ထအဝတ်လဲပြီး သွားတွေ့ရုံကလွဲလို့ ရွေးစရာလမ်း မရှိတော့ဘူး။ အမေရွှီက ဟင်းချက်လို့ နေတယ်။ သူမက နဉ်ရှုအပြင်ထွက်သွားတာကိုလည်း မြင်ရော

"သားက အနားယူခဲတဲ့ လူမျိုးလေ။ ဘာလို့ အပြင်ထွက်ဖို့ ပြင်နေရတာလဲကွယ်"

နဉ်ရှုက ရှူးဖိနပ်ကို စီးရင်း သူမရဲ့အနောက်တိုင်းဝတ်စုံကို လက်မှာ ကိုင်ထားရသေးတယ်။

"ကျွန်တော် ဖြေရှင်းစရာ ရှိနေလို့"

"ကိုယ့်ကိုယ်ကို အရမ်းတွန်းအားပေးမနေနဲ့ဦး။ ကျန်းမာရေးကို ဂရုစိုက်။ ရှောင်မန်နဲ့ အချိန်လေး ဖြုန်းချေ။ ဘာလို့ အခုတလော ရှောင်မန့်ကို မတွေ့မိပါလိမ့်။ အလုပ်ကြောင့်နဲ့ သူ့ကို ပစ်မထားနဲ့နော်။ ရှောင်မန်က ကလေးလည်း မဟုတ်တော့ဘူး"

အမေရွှီတွေးတာက သူမရဲ့သားက ရှရှောင်မန်ကြောင့် အလုပ်တွေ အရမ်းကြိုးစားနေတယ်ပေါ့။

နဉ်ရှု ဘာမှပြန်မပြောမနေဘဲ ပြုံးသာပြုံးလိုက်ပြီး အိမ်ပြင်ထွက်လိုက်တယ်။

နဉ်ရှု ကော်ဖီဆိုင်ကို ရောက်တော့ ရှရှောင်မန်က ပြတင်းပေါက်နားမှာ ထိုင်နေမှန်း တွေ့လိုက်ရတယ်။ ရှရှောင်မန်က ဘလောက်စ်လက်ရှည်ဝတ်ဆင်ထားပြီး သူမရဲ့ အသားအရည်ကို မမြင်တွေ့နိုင်အောင် အကျီႋလက်ရှည်က ကာကွယ်ပေးထားလေတယ်။ သူမရဲ့ ဆံပင်ရှည်ဟာလည်း လျော့ရဲရဲဖြစ်နေပြီး ပခုံးတဝိုက် ဝဲကျလို့နေတယ်။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now