1000

2.3K 301 1
                                    

အခန်း 1000 : ထိုင်ရင်း သေးပေါက်ရတာ အကျင့်ဖြစ်နေပြီ။

နဉ်ရှု ကျောင်းဆရာဝန်အန်ကယ်နဲ့ ပက်သက်ပြီး စိတ်ပူတာကို ရပ်လိုက်တယ်။ ကျောင်းဆရာဝန်အန်ကယ်ရဲ့ တည်ရှိမှုက ရိုးရှင်းမနေတာ အသိသာကြီးလေ။ သူမနဲ့ ကျောင်းဆရာဝန်အန်ကယ်က level တစ်ခုထဲမှာတောင် ရှိမနေဘူး။ ကျောင်းဆရာဝန်အန်ကယ်ကလည်း သူမကို မှတ်မိတာမှ မဟုတ်ဘဲ။

သူမတို့ နှစ်ယောက်စလုံးက လုံးဝ သူစိမ်းနီးပါး လုံးလုံးပဲ။

ကျောင်းဆရာဝန်အန်ကယ်ရဲ့ ကိစ္စကို သူမ ခေါင်းထဲကနေ ထုတ်လိုက်ပြီး system ရဲ့ ဈေးဝယ်လို့ရမယ့် marketplace ကို ဖွင့်ပြီး ဆေးဝါးတွေ ရေတွေ အနာကျက်မြန်စေမယ့် ဆေးတွေကို လဲလှယ်လိုက်တယ်။
နောက်ဆုံးတစ်ခေါက် သွားခဲ့တဲ့  ကမ္ဘာက သင်ခန်းစာကို ယူပြီး သူမ သေဆေးအတုနဲ့ realgar ပေါင်ဒါကိုပါ လဲလှယ်လိုက်တယ်။

သူမ အကာအကွယ်အဆောင် ကိုပါ လဲလှယ်ထားချင်သေးတာ။ ဒါပေမယ့် အကာအကွယ်အဆောင်က ကုသိုလ်ကောင်းမှု အမှတ် 35 မှတ် လိုအပ်နေတယ်။ အကာအကွယ်ဆောင်က ကမ္ဘာတစ်ခုတည်းမှာပဲ သုံးလို့ရမှာလည်း စိတ်ပူမိသေးတယ်။ အဲ့လိုသာဆို ကုသိုလ်ကောင်းမှု အမှတ် ၃၅ မှတ်က နည်းနည်းဈေးကြီးသွားပြီလေ။

system ကတောင် ကုသိုလ်ကောင်းမှုအမှတ် တွေကို စိတ်ထဲ မထားရင်တောင် အဲ့အမှတ်တွေက ကောင်းတဲ့ဟာတစ်ခုခုတော့ ဖြစ်ရမယ်။

"system, ငါ အကာအကွယ်အဆောင်ကို လဲရင် ကမ္ဘာတစ်ခုတည်းမှာပဲ သုံးလို့ရမှာလား"

"အိုး . . . ဒီအကာအကွယ်အဆောင်က ယာယီပဲ အလုပ်ဖြစ်တာ။ ကမ္ဘာတိုင်းမှာ အကျိုးတော့ ရှိတယ်။ ပြီးတော့ မင်းအသက်ကိုတောင် အစားထိုးပေးလို့ရတယ်"

2333 က ပြောလိုက်တယ်။

နဉ်ရှု ဒီလိုမျိုး ကြားလိုက်ရတော့ လဲလှယ်ခြင်းဆိုတဲ့ နှိပ်လိုက်တယ်။ သူမ စိတ်သက်သာရာရပြီး သက်မချလိုက်တယ်။ သူမ ဖြေရှင်းလို့ မရတဲ့ အန္တရာယ်နဲ့သာ တွေ့လာရရင် အနည်းဆုံးတော့ သူမအတွက် ဒီအဆောင်က ကယ်ပေးလို့ရသေးတယ်။

"ပြောကြည့်။ နင် တကယ် ကျောင်းဆရာဝန်အန်ကယ်ကို မသိတာလား?" နဉ်ရှုက မေးလိုက်တယ်။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now