1002

1.8K 298 1
                                    

1002: 110ကို ဖုန်းခေါ်တော့ သေမှာမို့လို့လား?

ယောကျ်ားတွေရဲ့ အချစ်က အစာအိမ်ပေါ် မူတည်ပြီး မိန်းမတွေရဲ့ အချစ်ကတော့ Vagina ( မိန်းမကိုယ် ) ပေါ်မှာသာ မူတည်လေတယ်။ ရှရှောင်မန်ဟာ သူမနဲ့ အိပ်ယာပေါ်မှာ အမြဲတစေ ပွေ့ဖက်နေတဲ့ ဒီယောကျ်ားအပေါ် ချစ်မိလာခဲ့ပြီ။ သူမကို မုဒိန်းကျင့်မိလုနီးပါး တွန်းအားပေးခဲ့သောသူ/ သူမကို ဘယ်သောအခါမှ ကောင်းမွန်စွာ မဆက်ဆံပေးခဲ့သူကို ချစ်ကျွမ်းဝင်သွားခဲ့လေတယ်။

ရွှီဝမ်လန်က ရှရှောင်မန်ကြောင့် သေဆုံးသွားခဲ့ရတာမို့ ရွှီဝမ်လန်ရဲ့ မိဘတွေမှာ သူတို့ကို ဂရုစိုက်ပေးမယ့်သူ မရှိတော့လေဘူး။ ရွှီမိသားစုဟာ ရှမိသားစုနဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာပြီး အဝေးကို ပြောင်းရွှေ့သွားခဲ့လေတယ်။

အဲ့ဒီအချိန်မှာ ရှရှောင်မန်က ချူရှောင်ရန်နဲ့ လက်ထပ်သွားခဲ့လေတယ်။ ရွှီဝမ်လန်ရဲ့ သေဆုံးခြင်းကတော့ သူတို့အချစ်ငှက်တွေအတွက် အမြှောက်စာ သက်သက်သာ ဖြစ်သွားခဲ့လေတော့တယ်။

ရွှီဝမ်လန်ရဲ့ စာနာထောက်ထားမှုတွေနဲ့ အချစ်ဟာ ရှရှောင်မန်ကို အနိုင်ကျင့်နှိပ်စက်နေကျ ချူရှောင်ရန်နဲ့ မယှဉ်နိုင်ခဲ့ပါဘူး။

ဒါကို အချစ်လို့တော့ မပြောလိုက်နဲ့နော်။ ရှရှောင်မန်မှာ စတော့ဟုမ်းစင်ဒရုန်း ရှိနေတာပဲ။ အစကတည်းက ချူရှောင်ရန်က ရှရှောင်မန်ကို အမြဲတစေ ရက်စက်နေပြီး သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာလည်း မဟုတ်ဘူး။ ဒါပေမယ့် သူက ရံဖန်ရံခါမှာတော့ ရှရှောင်မန်အပေါ် အနည်းငယ်မျှ နူးနူးညံ့ညံ့ ဆက်ဆံပေးတတ်တယ်။

နင့်ကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေတဲ့ကျ လူမျိုးက ရုတ်တရက်ကြီး နင့်အပေါ်ကို အရမ်းရက်စက်ကြမ်းတမ်းလာခဲ့ရင် သည်းခံပေးနိုင်မှာ မဟုတ်ဘူး။ ဒေါသတွေထွက်ပြီး ချဉ်လာမှာပဲ။

အဲ့လို မဟုတ်ဘူး။ အကယ်၍ လူတစ်ယောက်က နင့်ကို လူလိုသူလို မဆက်ဆံဘူး။ ခြိမ်းခြောက်မယ်။ နင် မလုပ်ချင်တဲ့ ကိစ္စတွေ ပြုလုပ်ဖို့ရာ တွန်းအားပေးမယ်။ တစ်နေ့မှာတော့ . . . နင့်အပေါ် ရက်ရက်စက်စက် ဆက်ဆံနေကျလူဟာ နင့်အပေါ်ကို ရုတ်ချည်း နူးည့ံပြလာခဲ့ရင်တော့ အဲ့ဒီလူအပေါ် နင့်ရဲ့ ထင်မြင်ချက်က ချက်ချင်းလက်ငင်း ပြောင်းလဲသွားမှာပဲ။

အိုဟိုဟိုး . . . ဘယ်လိုတောင် နင်ရှိုင်းတဲ့ Sado-masochistic အချစ်ရေးလေးပါလိမ့်။

(T/N- Sado-masochistic = သူတစ်ပါးကို ရက်စက်ညှင်းပန်းခြင်း/ မိမိကိုယ်တိုင် နှိပ်စက်ခံရခြင်းဖြင့် ကာမဆန္ဒခံစားသူ)

ရှရှောင်မန်က မကျေနပ်ချက်တွေအားလုံးကို အမှုမထားဘဲ သူမရဲ့ ဂုဏ်သိက္ခာအတွက်သာ အလေးပေး ကိုင်တွယ်ခဲ့တယ်။ သူမက မိဘတွေကို မျက်နှာ မပျက်စေချင်ဘူး။ ဒါ့အပြင် သူမရဲ့ ငယ်ရည်းစားလေး ရှေ့ရေးအတွက်ပါ ထည့်စဉ်းစားပေးတဲ့အနေနဲ့ ဘလာ. . .ဘလာ. . .ဘလာ. . .။

ဒါကို ကြည့်လိုက်ရုံနဲ့ နဉ်ရှု ပြောနိုင်တာက ရှရှောင်မန်ဟာ အမှိုက်ကို လက်ခံထားတဲ့ အမှိုက်ပုံပဲ။

သူမက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ တစ်ခြားနည်းတွေ ရှိသေးသားပဲ။ ကုန်ကုန်ပြောရရင် ရွှီဝမ်လန်ကလည်း ရှေ့နေပဲလေ။

သူမလုပ်နေသမျှက ချူရှောင်ရန်ကို နှိပ်စက်ပေးပါ. . .နှိပ်စက်ပေးပါ ဆိုပြီး လက်ယပ်မခေါ်ရုံတမယ်ပဲ။

နဉ်ရှု သူမရဲ့ ဖုန်းကြောင့် အိပ်မောကျနေရာက နိုးလာခဲ့တယ်။ သူမ မျက်လုံးကို ဖွင့်လိုက်တော့ . . .ဖာ့ခ်. . .ခေါင်းကိုက်ဝေဒနာက နဉ်ရှုကို သတ်နေသလိုပဲ။

. . . .

#ပြဇာတ်အသေးစားလေး

နဉ်ရှု - ဘာပြောတယ်. . . ပြန်ပြင်ပြောလိုက်စမ်း။ ငါက ဝါရင့် Fa?

လော့လော့- အပိုင်းထောင်ချီရှိတဲ့ ဇာတ်လမ်းမှာ မူရင်းစာရေးသူက ယူ့အတွက် Romance  genreမှ မထည့်ပေးထားတာ။ နင်က ဝါရင့် Fa ပဲ :)

နဉ်ရှု : (ノಠ益ಠ)ノ彡┻━┻

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now