1040 - Unicode

1.4K 313 83
                                    

အခန်း ၁၀၄၀ - ငါမဟုတ်ဘူးနော်!!

“အစ်ကိုဝမ်လန်…”

ရှရှောင်မန်ဟာ နဉ်ရှုကို ကြည့်ကာ နှုတ်ခမ်းအားကိုက်လျက်…

“အစ်ကိုဝမ်လန်…၊ ညီမ ကိုယ်ဝန်ရှိနေပြီ”

“ငါ မဟုတ်ဘူးနော်” နဉ်ရှုက လက်ကို ကပျာကယာ ယမ်းခါလိုက်ပြီး ငြင်းဆိုလိုက်သည်။

ရှရှောင်မန်က နဉ်ရှုကို တစ်ချက်ပြန်ကြည့်လိုက်ကာ မျက်ရည်တွေကို သုတ်လိုက်ကာဖြင့် စကားဆက်လိုက်သည်။

“ဒါပေါ့။ အစ်ကို့ကလေး မဟုတ်ဘူးပေါ့။ ဒီကလေးက ချူရှောင်ရန်ရဲ့ကလေးပါ။”

နဉ်ရှုက ခေါင်းတငြိမ့်ငြိမ့်နှင့် မေးလိုက်သည်။

“ဒါဆို ဘာလို့ ငါ့ကို လာရှာတာ?”

သူမမှာ သေချာပေါက် အကူအညီတောင်းစရာရှိတာပဲဖြစ်ရမည်။ မကြာသေးခင်ကပဲ သူမက နဉ်ရှုကို ဥပေက္ခာပြုတော့မယ်လို့ ပြောခဲ့သေးတာလေ။ အဲ့ဒါကို ရှရှောင်မန်က ဘာလို့ ဒီကိုထပ်ပြီး ရောက်လာနေရသေးပြန်တာတုန်း ?

ဘယ်သူကမှတော့ ဘုရားကျောင်းကို အပျော်မလာဘူး။ ရှရှောင်မန်သာ‌ ပျော်နေရင် သူမ ဒီကိုလာဖို့ စိတ်ကူးထဲတောင် ရှိလိမ့်မှာ မဟုတ်ချေ။

အခုတော့ ရှရှောင်မန်က သူမတို့နှစ်ယောက် အချင်းပွားထားကြသည်ကို မေ့ပစ်လိုက်ဖို့ ရွေးချယ်ပြီး နဉ်ရှုကို လာရှာခဲ့ပြီ။

“အစ်ကိုဝမ်လန်…အစ်ကို…”

ရှရှောင်မန်ဟာ ငိုချင်းထပ်ချပြန်ပါပြီ။

“ညီမ ဘာဆက်လုပ်ရပါတော့မလဲ?”

နဉ်ရှု : ခုံမှောက်လိုက်…။

အသုဘရောက်နေသလို ဘာလို့ လာငိုနေရတာလဲဟဲ့။ ငါ ငုတ်တုတ်ကြီး ရှိသေးတယ်လေလို့ !!

နဉ်ရှု ရှရှောင်မန်အား အေးစက်စက်နိုင်စွာ စိုက်ကြည့်လိုက်သည်။ ရှရှောင်မန် ဘယ်လောက်ထိငိုနိုင်မလဲ သူမ သိချင်စမ်းလှပါသည်။

နှစ်သိမ့်ပေးခြင်းမခံရဘဲ တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် ငိုနေတာမျိုးဟာ အနေရခက်စေ၍ထင်၏။ ရှရှောင်မန်ဟာ တဖြည်းဖြည်းနှင့် အငိုရပ်သွားတော့သည်။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now