1034 - Unicode

1.2K 316 7
                                    

Ning Shu - 1034

အခန်း ၁၀၃၄

"ရှေ့နေရွှီ"

ချူရှောင်ရန်က နဉ်ရှုဆီ ရောက်လာခဲ့သည်။

"ကျွန်တော်မြင်ဖူးသမျှထဲမှာ ခင်ဗျားက အမြင့်ရောက်တာ အမြန်ဆုံးပဲ။ ရှေ့နေပိစိလေးကနေ အခုတော့...အစိုးရရှေ့နေ...နောက်တော့ ပရဟိတသမားတောင် ဖြစ်လာခဲ့ပြီ။ ဖားယားတဲ့နေရာမှာ တော်တော်လေး တော်တာပဲ။ မင်းက လူမြင်ကွင်းမှာ ပရိဟိတသမားတစ်ယောက်ရဲ့ပုံစံနဲ့ ထွက်နေပေမယ့် မင်းရဲ့တကယ့်ပုံစံက ဘယ်လိုလဲဆိုတာ ဘယ်သူသိနိုင်ပါ့မလဲ?"

နဉ်ရှုက ဟက်ခနဲရယ်လိုက်သည်။ ချူရှောင်ရန်ပြောတာက သူမ အခုလို နေရာရလာတာက ဦးကျိုး၊ ဖားယားနေလို့ပေါ့လေ။

"တကယ်တမ်းမှာ...ဘယ်သူကမှ ကျွန်တော်က တကယ်တမ်းမှာ ဘယ်လိုလူမျိုးလဲဆိုတာ ဂရုမစိုက်ဘူးလေ။ တရားခွင်နဲ့ပက်သက်ပြီး ကျွန်တော့်ဆီ အကူအညီလာတောင်းတဲ့သူတွေကလည်း ကျွန်တော် ဘယ်လိုလူလဲဆိုတာ ဂရုစိုက်မနေကြဘူး။ သူတို့ကို အနိုင်ရအောင် ကူညီပေးနိုင်နေတာပဲလေ။ တကယ်ဆို ကျွန်တော့်အကူအညီကို လိုကြတဲ့သူတွေက ကျွန်တော့်ကို သဘောကျကြတာ နည်းတယ်။ ဘာပဲဖြစ်ဖြစ် သူတို့အတွက် တရားမျှတမှုကို ရှာပေးနိုင်သလို၊ သူတို့ကိုလည်း ငွေကုန်ကြေးကျ မများစေဘူးပဲလေ။ "

နဉ်ရှုက အေးဆေးညင်သာစွာပဲ ပြန်ဖြေလိုက်သည်။

"ကျွန်တော်က လုပ်သင့်တာ လုပ်နေတာ။ ဒါ့ကြောင့် အဲ့အတွက် အပြစ်မကင်းစိတ်တွေ၊ လိပ်ပြာမလုံစိတ်တွေ ဖြစ်နေဖို့လိုလို့လား?"

ချူရှောင်ရန်ရဲ့သူငယ်အိမ်တွေက ပြူးကျယ်လာသည်။ သူ့ဘက်က ပြန်လည်တိုက်ခိုက်တော့မယ့်အချိန်မှာပဲ ဖန်ခွက်ကျကွဲသံဟာ ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့၏။

ချူရှောင်ရန်နဲ့ နဉ်ရှု လှမ်းကြည့်တော့ ရှရှောင်မန်ရဲ့ဝတ်စုံက ဝိုင်နီတို့နှင့် စွန်းထင်းပျံနှံ့နေသည်ကို တွေ့လိုက်ရသည်။ ဝိုင်ဟာ ဝတ်စုံဖြူပေါ်မှာ တဖြည်းဖြည်း စိမ့်ဝင်ပျံ့နှံ့လာခဲ့သည်။ ရှရှောင်မန်ရဲ့ရှေ့မှာတော့ အလွန်တရာကိုမှ ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးဟာ ရှရှောင်မန်ကို ရိုးသားမှုစိုးစဉ်းမျှမရှိပါဘဲ တောင်းပန်လို့နေ၏။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now