1028 - Unicode

1.4K 290 6
                                    

အခန်း ၁၀၂၈ - အခွန်တိမ်းရှောင်မှုဖြင့် တရားစွဲခြင်း

လတ်တလော၌ နဉ်ရှုသည် ချူရှောင်ရန်အား ရာဇဝတ်မှုမြောက်သည့် လုပ်ဆောင်ချက်တို့၌ ပါဝင်နေသည်ဟု သံသယရှိနေမိသည်။ သူ့လက်အောက်၌ ဂိုဏ်းဖွဲ့ထားပြီး တိုင်းပြည်၏ ဥပဒေကို မထီမဲ့မြင်လုပ်နေကတည်းက သူမ ထိုကဲ့သို့ တွေးမိခဲ့တာပင်။

အဆုံးသတ်၌ အခွန်စစ်ဆေးရေးအရာရှိတို့ဟာ ဘဏ္ဍာရေးဌာနမှ ဖော်ပြမထားသည့် ယိုပေါက်အား တွေ့ရှိ၍သွားသည်။ နဉ်ရှု ချက်ချင်းပင် ပြောလိုက်၏။

"ဥက္ကဌချူ၊ ဒါလေးကို ရှင်းပြပေးပါလား။ မဟုတ်ရင် ဒါက ခင်ဗျားက အခွန်ဆောင်ဖို့ တိမ်းရှောင်တယ်လို့ ဆိုလိုတာပဲ"

ချူရှောင်ရန်က နဉ်ရှုအား ကြည့်လိုက်သည်။ ဒီလူက သူ့အသံ၌ တစ်ခြားသူ၏ကံဆိုးမှုအား ဝမ်းမြောက်ခြင်းကို လုံးဝဖုံးကွယ်၍ပင် မထားပေ။ ချူရှောင်ရန်၏ မျက်လုံးများ၌ လူသတ်ချင်စိတ် လက်၍သွားကာ သူက အခွန်စစ်ဆေးရေးအရာရှိဘက်သို့ လှည့်ပြောလိုက်သည်။

"ဒါကို ကျွန်တော် အခွန်ရုံးကို သွားရှင်းပြလိုက်ပါ့မယ်။ ခင်ဗျားတို့ အခု ပြန်နိုင်ပါပြီ"

နဉ်ရှုက အခွန်ပေးဆောင်လွှာကို ထုတ်လိုက်သည်။

"ဥက္ကဌချူ၊ ခင်ဗျား ရှင်းပြတာ အကောင်းဆုံးပဲနော်။ မဟုတ်ရင် အခွန်တိမ်းရှောင်မှုနဲ့ တရားစွဲခံရမှာ။ ဒါလောက်လေးအတွက်နဲ့ တရားခွင်တက်ရမှာ မကောင်းလောက်ဘူးထင်တယ်"

ချူရှောင်ရန်က အေးစက်စက်နှင့် ရယ်မောလိုက်၏။

"ခင်ဗျားက တကယ်ကို မဆင်မခြင်တွေ လုပ်တာပဲ။ အစကတည်းက ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ?"

"ဘာတွေပြောနေတာလဲ? ကျွန်တော်က ရှေ့နေလေ။ ဒီလုပ်ငန်းမှာ စေ့စေ့စပ်စပ်လုပ်ရမှာပဲကို"

နဉ်ရှုက ပြုံးလျက်ပြောလိုက်သည်။

ချူရှောင်ရန်က နဉ်ရှုအား ခဏမျှ စိုက်ကြည့်လိုက်သေးကာ ပြီးမှ ပြုံးလိုက်၏။ သို့သော်ငြား အပြုံး၌ နွေးထွေးမှုတစ်စုံတစ်ရာ မပါဝင်ပါချေ။ အေးစက်လှသော လူသတ်လိုသည့်ရည်ရွယ်ချက်တို့သာ ပါ၏။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now