Ning Shu - 1018 -Unicode

1.6K 284 8
                                    

အခန်း ၁၀၁၈

ရှရှောင်မန်ရဲ့ မျက်နှာထက်မှာ နာကျင်မှုနဲ့စိတ်အားငယ်မှုတို့ကို နဉ်ရှု တွေ့လိုက်ရတယ်။ အခုလောလောဆယ်... ရှရှောင်မန့်မျက်နှာရဲ့ သေလောက်အောင် ဖြူလျော်နေခြင်းဟာ ပိုပြီး ဖြူလျော်လို့လာသလို၊ သူမရဲ့မျက်ခမ်းတွေဟာလည်း နီရဲတက်လာတယ်။ ဒါပေမယ့်လည်း ရှရှောင်မန်ဟာ အားတင်းလျက် မျက်ရည်တွေကို ပြန်ထိန်းလိုက်တယ်။

နဉ်ရှု တော်တော်လေး ပြောစရာစကား ပျောက်ရှသွားတယ်။ ရှရှောင်မန်လို လူမျိုးနဲ့သာဆို သူတို့ကို ဘာမှ သွားညှောင့်စရာတောင် မလိုဘူး။ သူတို့က သူတို့ရဲ့ကိုယ်ပိုင်ဖန်တီးထားတဲ့ ဆင်းရဲဒုက္ခတွေထဲ ရောက်ပြီးသား ဖြစ်နေပြီ...။ သူတို့တွေဟာ သူတို့ဘာသာသူတို့ အများကြီး၊ အများကြီး နာကျင်ရမယ့် ခံစားချက်တွေနဲ့ ထပ်ခါ၊ ထပ်ခါ ကိုယ့်ဘာသာကိုယ် နှိပ်စက်နေတော့တာပါပဲ။

ဒါက SM ဇာတ်လမ်းဝတ္ထုတွေထဲက အမျိုးသမီးဇာတ်လိုက်တွေရဲ့အထာပါပဲ။ သေစေနိုင်လောက်အောင် ပြင်းထန်တဲ့ နာကျင်မှုမျိုးစုံကို ခံစားနေရသလို အမြဲတမ်း ဖြစ်နေကြတာလေ။ သူတို့ကိုယ်သူတို့ နာကျင်ခံစားရစေဖို့ နည်းလမ်းတွေ အမြဲရှာတွေ့နေတော့တာပဲ။

နဉ်ရှု ဒါကို လုံးဝ နားလည်ပေး၍ မရပေ။ သူမက ဆေးရုံမှာ ဆယ်နှစ်ကျော်ကြာ လှဲနေခဲ့ရတာမို့ အခြေခံအားဖြင့် အဲ့မှာ လူတွေကို နာကျင်မှု ဒဏ်ခံနိုင်ဖို့ လုပ်ပေးတဲ့ ဓာတုကုထုံးတော့ မရှိပေ။ အဲ့တုန်းကသာ နဉ်ရှုသာ အများကြီး လိုက်ခံစားနေခဲ့ရင်၊ သူမ ပြိုလဲသွားမှာပင်။ နာလန်ထူနိုင်တော့မှာ မဟုတ်။

ဒါ့ကြောင့်ပဲ တစ်ခုခု ဖြစ်ပြီးတိုင်း... ဖြစ်လာပြီးတိုင်း... လူတွေဟာ ရှေ့သို့ ဆက်လျှောက်ရမယ့်အစား သူတို့ကိုယ်သူတို့ ညှင်းဆဲနေကြတာကို နဉ်ရှု မြင်ရတိုင်း၊ နဉ်ရှ သူတို့ကို စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမလာတဲ့သူတွေလို့ ခံစားမိတာပင်။

ရှရှောင်မန်က ပြုံးရင်း ပြောလာတယ်။

"အစ်ကို ပြောင်းသွားတာလည်း ကောင်းပါတယ်။ အစ်ကိုဝမ်လန်၊ ပျော်ရွှင်ပါစေ"

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now