1030 - Unicode

1.8K 344 22
                                    

နဉ်ရှု ချူရှောင်ရန်ကို ဖုန်းခေါ်လိုက်ပြီး သူ့လူအား လာခေါ်ဖို့ရန် ပြောလိုက်၏။ လာမခေါ်ပါက သူမက ထိုလူအား ရဲသို့ တိုက်ရိုက် အပ်လိုက်မည်ဟုပါ တခါတည်းမှာလိုက်သည်။

နဉ်ရှု ရဲမခေါ်ချင်ပေ။ အကြောင်းကတော့ ဤကဲ့သို့ စစ်မှုထမ်းဟောင်းဟာ သူတို့ကို ကူညီမည့်သူတွေ ရှိတတ်သည်ကြောင့်ပင်။

ဘာပဲဖြစ်ဖြစ် စစ်တပ်ဆိုတာ မိသားစုပဲလေ။ ဒါ့ကြောင့် နဉ်ရှုက ချူရှောင်ရန်အား သတိပေးရုံသာ ပေးလိုက်မည်။

ချူရှောင်ရန်က ကိုယ်တိုင်ကိုယ်ကျ လာခဲ့သည်။ သူက သက်တော်စောင့်တွေကိုတောင် ခေါ်ခဲ့လိုက်သေးသည်။

ချူရှောင်ရန်က ကြမ်းပြင်ပေါ်မှ သတိမေ့နေသည့်လူအား ကြည့်လိုက်သည်။ ထို့နောက် နဉ်ရှုအား ပြုံးလျက် ကြည့်လိုက်သည်။

"ငါ မင်းကို တကယ်အထင်လွဲခဲ့တာပဲ"

"ချူရှောင်ရန်၊ မင်းရဲ့ခွေးကို သေချာကြည့်ထားပါဦး။ နောက်တစ်ကြိမ်ရှိလာရင် ဒီမှာပဲ ပြီးမှာမဟုတ်ဘဲ ထောင်ထဲဘဲ သွားမှာ..."

နဉ်ရှုက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ချူရှောင်ရန်က သူ၏အစောင့်တို့အား လက်ဝေ့ယမ်းပြကာ သတိမေ့နေသည့်သူအား သယ်ထုတ်သွားစေခဲ့သည်။

ချူရှောင်ရန်က နဉ်ရှုအား ကြည့်၍ ပြောလိုက်၏။

"ရွှီဝမ်လန်၊ ငါ တကယ်ပဲ မင်းကို လေးစားပြီးရင်း... လေးစားလာမိတယ်။ ရှရှောင်မန်ကြောင့်သာ မဟုတ်ရင် ငါ မင်းကို ငါ့အတွက် အလုပ်လုပ်ပေးစေချင်မိမှာ..."

"မဖြစ်နိုင်တာ မင်းသိပါတယ်"

ချူရှောင်ရန်နဲ့ တွဲလုပ်ဖို့ထိ သူမက ဦးနှောက်နည်းရဦးမှာလား?

နဉ်ရှုရဲ့ပန်းတိုင်က လက်စားချေဖို့ပဲ။ လုပ်ချင်သမျှ လုပ်နေတဲ့ ချူရှောင်ကို မျှော်လင့်ချက်ပျက်သုဉ်းသွားသည်ထိ ရုန်းကန်စေရမည်။

"မင်းက သည်းခံနိုင်စွမ်းကောင်းတဲ့သူပဲ။ ရှရှောင်မန်နဲ့ ပက်သက်သမျှတိုင်းကိုတောင် သည်းခံနိုင်တယ်။ ခဏလောက် ပျောက်သွားပြီး အထက်ကလူတွေနဲ့ အဆက်အသွယ်ရလာအောင် လုပ်နို်င်ခဲ့တယ်"

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now