1020 - Unicode

1.5K 309 8
                                    

အခန်း - ၁၀၂၀ အစိုးရမှ အသိအမှတ်ပြုခြင်း

နဉ်ရှု၏ လေ့လာမှုတို့ တိုးတက်လာတော့ သူမ စကားစစ်ထိုးခြင်း၏ နည်းနာအခြေခံအား နားလည်သဘောပေါက်လာခဲ့သည်။ ဒါဟာ နဉ်ရှုအား အစမ်းစစ်ဆေးခြင်းဖြစ်သော နမူနာတရားခွင်,အတန်းချိန်၌ အမှတ်တို့ တဖြည်းဖြည်းတက်လာစေခဲ့သည်။ လူတွေဟာ နဉ်ရှုကို တရားခွင်နှင့်ပက်သက်၍ အကူအညီစတောင်းလာခဲ့၏။ တကယ်တမ်းမှာ နိုင်ငံခြားတိုင်းပြည်၌ တရုတ်လူမျိုးတို့အတွက် တရားစွဲဆိုဖို့ရန် တိုင်ချက်ဖွင့်ခြင်းတို့ဟာ အောင်မြင်မှုနှုန်း မများပါချေ။ နောက်ဆုံးတော့လည်း တိုင်းပြည်ရဲ့ဥပဒေဟာ တိုင်းပြည်မှ နိုင်ငံသားတို့ကိုသာ အလေးပေးသည်မို့ နဉ်ရှုဟာ တရားကြားနာခြင်း မစခင်မှာပင် ဘက်လိုက်နေပြီဖြစ်သော အမှုအခင်းတို့အား နိုင်စေရန် အကောင်းဆုံး ကြိုးစားဖို့လိုသည်။

လတ်တလောတွင် နဉ်ရှုရဲ့ဦးနှောက်ထဲ၌ ဥပဒေပြီးရင် ဥပဒေ၊ နောက်... ဥပဒေတွေတို့ပင် ပြည့်နှက်နေတော့၏။ သူမ ချီသွေဖယ်တော့မလိုတောင် ခံစားနေရပြီ။

ဒါဟာ ကိုယ်ခံပညာလေ့ကျင့်ခြင်းမှလွဲ၍ သူမ အခြားသောအရာတို့၌ စွဲလမ်းတကြီးဖြစ်သည့် ပထမဆုံးအကြိမ်ပင်။ စကားစစ်ထိုးခြင်း ဖြစ်စဉ်ဟာ တစ်ဦးတစ်ယောက်တည်း၏ တုံ့ပြန်မှုစွမ်းရည်နှင့် သတ္တိကိုသာ စမ်းသပ်သည်မဟုတ်၊ တည်ငြိမ်သည့် နှလုံးသားရှိဖို့ပါ လိုအပ်၏။ မည်ကဲ့သို့ အခြေအနေမျိုးမှာပဲ ဖြစ်ပါစေ...၊ အလှည့်အပြောင်း ဖြစ်စေရန်အလို့ငှာ ဆင်ခြင်တုံတရား ရှိနေရမည်ဖြစ်ပြီး နောက်ဆုံး၌ အောင်မြင်မှုအား အရယူနိုင်ရမည်သာ...။

အနှီစကားစစ်ထိုးခြင်းများပြီးတော့ နဉ်ရှု တွေ့ရှိလိုက်ရသည်မှာ သူမဟာ စိတ်နှလုံး ကြည်လင်အေးချမ်းစေသည့် ဂါထာပင် မလိုအပ်တော့ဘဲ တည်တည်ငြိမ်ငြိမ် နေနိုင်လာခဲ့ပြီ။

နဉ်ရှု တရားရုံးဆီသို့ သွားရသည့်အကြိမ်ရေ များလာလေလေ၊ နိုင်ငံခြားသားတို့မှာလည်း နဉ်ရှုအား သူတို့အတွက်ပါ တရားရင်ဆိုင်ပေးရန် စတင်၍ တောင်းဆိုလို့လာခဲ့သည်။ သို့ပေမယ့် နဉ်ရှုဟာ ယဉ်ကျေးစွာပင် အားလုံးအား ငြင်းဆန်လိုက်၏။ သူမ တရုတ်လူမျိုးတို့အတွက်သာ တရားရင်ဆိုင်ပေးမည်သာ။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now