1032 - Unicode

1.3K 330 10
                                    

အခန်း ၁၀၃၂ -ရှင်က အစ်ကိုဝမ်လန် မဟုတ်ဘူး။

နဉ်ရှုက ခပ်ဖွဖွရယ်လိုက်၏။

"မင်းက စိတ်တောင် ဆိုးနေပြီလား? ချူရှောင်ရန်သာဆိုရင် မင်း ဒီလိုမျိုး စိတ်ဆိုးနေပါ့မလား? ချူရှောင်ရန်ရဲ့ စကားတွေက ဘယ်လောက်ပဲ သည်းခံချင်စရာ မကောင်းဘဲ ဖြစ်နေပါစေ၊ မိုက်ရိုင်းနေပါစေ...မင်း သည်းခံနိုင်တုန်းပဲလေ။ ဒါပေမယ့် ငါက စကားလေးတစ်ခွန်းပြောတာနဲ့ စိတ်ဆိုးလာတယ်လား? ရှရှောင်မန်...ငါက မင်းအပေါ်မှာ နှစ်တွေအကြာကြီး... ခံစားချက်ရှိခဲ့တယ်ဆိုတဲ့ တစ်ချက်နဲ့တင် မင်းက ထင်တိုင်းကြဲနေတော့တာပဲ။"

"ဒါ့အပြင်...မင်းက ငါ့ကို သစ္စာဖောက်ခဲ့တာလေ။ ဒါတောင် ငါ့ရှေ့မှာ မင်းကပဲ မှန်နေသလိုနဲ့ ယုံကြည်ချက်တွေ သောက်ရမ်းရှိပြီး ထွက်,ထွက်လာတတ်တုန်း..။ ဒါမှမဟုတ်...ငါ့အတွက် မင်းက တစ်ဦးတည်းသောသူလို့ ထင်နေတာကြောင့်များလား။ မင်း လှည့်ကြည့်လိုက်တိုင်း ငါက မင်းအတွက် နေရာလေးတစ်ခုမှာပဲ စောင့်နေလိမ့်မယ်ပေါ့လေ?"

နဉ်ရှု သူမ၏စကားတွေကို ယဉ်ကျေးနေဖို့ စိတ်ထဲ ထည့်မနေတော့။

"မင်းက တော်ရုံအရေထူတာ မဟုတ်ဘူးပဲနော်"

ရှရှောင်မန်ရဲ့မျက်နှာဟာ သေလောက်အောင် ဖြူလျော်နေကာ သူမဟာ နဉ်ရှုအား ရှော့ခ်ရလျက် ကြည့်နေ၏။ သူမက နှုတ်ခမ်းကို နက်နက်နဲနဲ ကိုက်လိုက်ပြီး

"ရှင်က အစ်ကိုဝမ်လန်မဟုတ်ဘူး။ အစ်ကိုဝမ်လန်က ဒီလိုမျိုးတွေ ပြောမှာ မဟုတ်ဘူး"

နဉ်ရှု : ...

"သွားစမ်းပါ!!! ငါ နောက်ထပ် မင်းကို မမြင်ချင်ဘူး။ မင်းမှာ အရှက်လေး နည်းနည်းကျန်သေးရင်၊ ငါ့ကို ထပ်လာမရှာနဲ့"

ရှရှောင်မန်နှင့် စကားပြောရခြင်းဟာ အသက်တိုလာနို်ငစေသလို ခံစားနေမိသည်။ ရှရှောင်မန်ရဲ့ နှလုံးသားထဲ၌ ရွှီဝမ်လန်ဆိုတာ သူမရဲ့ ပေးဆပ်ရမှုတွေ၊ အကူအညီမဲ့နေသလို ခံစားချက်တွေကို နားလည်ပေးနိုင်မယ့်... ၊သူမကို နူးညံ့စွာနဲ့ အားပေးလေမယ့်...ယောကျ်ားတစ်ယောက်ပဲလေ။

ဒီတော့ နဉ်ရှုက နည်းနည်းလေး ရုန့်ရင်းကြမ်းတမ်းတဲ့ပုံလေး လုပ်ပြလိုက်တာနဲ့...ရွှီဝမ်လန်ရဲ့တိတ်တဆိတ်စိတ်ပူနေတတ်တဲ့ ပုံစံလေးနဲ့ ကျင့်သားရနေတဲ့ ရှရှောင်မန်ဟာ သစ္စာဖောက်ခံလိုက်ရသလို ခံစားမိသွားတော့၏။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now