1007

1.5K 267 1
                                    

အခန်း- ၁၀၀၇- လူသစ်စုဆောင်းတဲ့ ကမ်းလှမ်းချက်

“ရှေ့နေရွှီ”  သူ့ကို တစ်ချက်မကြည့် ဖြတ်သွားဖို့လုပ်နေတဲ့ နဉ်ရှုကို ချူရှောင်ရန်က လှမ်းခေါ်လိုက်တယ်။

နဉ်ရှုက တုံ့ဆိုင်းသွားပြီး ချူရှောင်ရန်ဘက် လှည့်ကြည့်လိုက်တယ်။

“ဥက္ကဌချူ၊ ဘာကိစ္စများ ရှိလို့လဲ”

ချူရှောင်ရန်က နဉ်ရှုဆီ လျှောက်လာတယ်။ သူက ရွှီဝမ်လန်ထက် အနည်းငယ် အရပ်ပိုမြင့်တယ်။ ချူရှောင်ရန်က သူမကို အထင်အမြင်သေးသေးနဲ့ မလိုမုန်းထားစိတ်နဲ့ လေ့လာနေတယ်လို့ အလိုလိုခံစားမိနေသလိုပဲ။

ချူရှောင်ရန်ရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းလို့သွားတယ်။ ဒီလူက ရှရှောင်မန် တစ်ချိန်လုံးပြောနေတဲ့ အစ်ကိုရွှီဝမ်လန်ဆိုတဲ့သူပဲ ဖြစ်ရမယ်။ သူမက သူ့အောက်မှာ ရှိနေတဲ့အချိန်တွေမှာတောင် သူမက ရည်ရွယ်ချက်ရှိရှိနဲ့ အစ်ကိုရွှီဝမ်လန်လို့ခေါ်ပြီး သူ့ကို စိတ်တိုအောင် လာလုပ်နေသေးတာ။

ချူရှောင်ရန်က ဒီလူကို ခြုံငုံလေ့လာလိုက်တယ်။ သူ့မှာ ပညာရှင်ဆန်တဲ့ အရောင်အဝါရှိပြီး လူတွေကို နူးညံ့တဲ့ ကျောက်စိမ်းလို သက်သောင့်သက်သာ ဖြစ်စေမယ့် ခံစားချက်မျိုး ပေးစွမ်းနေလေတယ်။ သူ့ရုပ်ရည်ကလည်း မဆိုးဘူးပဲ။ ချူရှောင်ရန်ရဲ့ မျက်လုံးတွေက မကောင်းတဲ့ အငွေ့အသက်တွေနဲ့ မှေးကျဉ်းသွားတယ်။

“ဥက္ကဌချူ၊ ကျွန်တော့်ကို တွေ့ချင်ရတဲ့ အကြောင်းအရင်းများ ရှိလို့လား”

နဉ်ရှုက သူမကို အုပ်မိုးကြည့်နေတဲ့ ချူရှောင်ရန်ကို တွေ့တော့ သူမက နောက်တစ်ခါ ထုတ်ပြောလာတယ်။

“ရှေ့နေရွှီက ကျွန်တော့်ကို သိတယ်?”

ချူရှောင်ရန်က ရည်ရွယ်ချက်မရှိ၊ လေအဖြုန်းခံပြီး ပြန်မေးနေတာပဲ။

“ဥက္ကဌချူရဲ့ ကြီးကျယ်ခမ်းနားတဲ့ သတင်းတွေက တီမြို့တော်မှာ နာမည်ကြီးတယ်လေ။ ဥက္ကဌချူလို လူမျိုးက ကျွန်တော့်လို ဘာမှ မဟုတ်တဲ့သူကို သိတာ တကယ်ကို အံ့ဩစရာပါပဲ”

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now