1036 + 1037 - Unicode

1.4K 307 12
                                    

အခန်း - ၁၀၃၆ - အစိုးရကို ရန်စခြင်းရဲ့နောက်ဆက်တွဲ

ချူရှောင်ရန်က လူထုကို ကျီးလန့်စာစားဖြစ်အောင် ဗုံးကျဲလိုက်ချေပြီ။ ချူရှောင်ရန်ရဲ့ကုမ္ပဏီဟာ နယ်ပယ်မျိုးစုံမှာ လက်ဝါးကြီးအုပ်ကာ ကြီးစိုးထား၏။ သူတို့သာ ထိုထုတ်ကုန်တွေကို ထုတ်လုပ်ခြင်းအား ရပ်တန့်လိုက်ပါက၊ အခြေခံအားဖြင့်လိုအပ်သည့် ထုတ်ကုန်တွေကို ဝယ်ယူလို့ရနိုင်စရာအကြောင်း မရှိတော့ပေ။

ထိုကဲ့သို့ရပ်တန့်လိုက်ခြင်းဟာ ပြည်သူလူထုကို အလုအယက်ဝယ်ယူမှုတွေ ဖြစ်လာစေပြီး၊ တီမြို့တော်၏စီးပွားရေးအား ဗြောင်းဆန်သွားစေတော့သည်။ ကုန်ထုတ်လုပ်ခြင်းကို လျှော့ချလိုက်သည်မို့ အခြေအနေတွေဟာ တဖြည်းဖြည်းနဲ့ ပြင်းထန်လာခဲ့သည်။ အကြမ်းဖက်မှုတွေဟာလည်း စတင်ဖြစ်ပွားလို့လာ၏၊

နဉ်ရှု ဤကဲ့သို့ကသောင်းကနင်းအခြေအနေကို ကြည့်ရင်း၊ သူမ ချူရှောင်ရန်အား အနည်းငယ် လေးစားမိလာသည်။ သူ့ရဲ့ပြုမူလုပ်ဆောင်ပုံတွေက အစိုးရကို ဗြောင်ကျကျ စိန်ခေါ်နေတာပဲ။ 'မင်းတို့က ငါ့ရဲ့ထုတ်ကုန်တွေကို ဈေးလျှော့စေချင်တယ်ဟုတ်လား။ အဲ့ဒါဆိုလည်း ငါကပဲ တီမြို့တော်ကို ဗြောင်းသတ်အောင် လုပ်ချပစ်မှာပေါ့' ဆိုသလိုပေါ့။

ချူရှောင်ရန်က ဒီလိုမထီမဲ့မြင်တွေလုပ်ဖို့ ဘယ်ကနေ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ ရလာတာများလဲ?

သူက ကိုယ့်သေတွင်း ပြန်တူးနေတာပဲ။

တီမြို့တော်ဟာ ကသောင်းကနင်းတွေဖြစ်နေသော်ငြား အစိုးရက ချူရှောင်ရန်အား အရေးယူခြင်း မလုပ်ခဲ့ပေ။ ထိုအစား...သူတို့တွေဟာ ကုန်ပစ္စည်းပြတ်လပ်မှုအား ကုစားနိုင်ဖို့ရာအတွက် အခြားသောနေရာတွေကနေတဆင့် ထုတ်ကုန်တွေကို ဝယ်ယူလိုက်ကြ၏။

အနှီကုန်ပစ္စည်းတွေက ဈေးကွက်ထဲ ရောက်လာသည်မို့ ချူရှောင်ရန်က တစ်ချို့နယ်ပယ်တို့၌ ဆက်လက်၍ လက်ဝါးကြီးအုပ်ကာ တစ်ဦးတည်းချုပ်ကိုင်ထားဖို့ မဖြစ်နိုင်တော့ပေ။

ယခင်က ချူရှောင်ရန်၏တည်ရှိမှုကြောင့် တစ်ချို့ထုတ်ကုန်ပစ္စည်းတွေဟာ တီမြို့တော်၏ဈေးကွက်ထဲသို့ ဝင်ရောက်၍ ရောင်းဝယ်နိုင်ရန် ခက်ခဲခဲ့ရသည်။ တီမြို့တော်မှ စတိုးဆိုင်အားလုံးဟာ ချူရှောင်ရန်ကုမ္ပဏီဆီကသာ ယူရောင်းကြသည်။ ထိုကဲ့သို့ယူရောင်းခြင်းဟာ ထုံစံတစ်ခုလိုပင် ဖြစ်နေခဲ့၏။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now