💜Part (86)💜

Start from the beginning
                                    

"ခမည်းတော်....ငါးဖမ်းကြိုး"
"ဟားဟားဟား ငါးဖမ်းကြိုး မဟုတ်ပါဘူးကွာ.... ခမည်းတော်တို့ရဲ့ ကိုးရောင်ချုပ်အစီအရင်က အရောင်ကိုးရောင်ရှိတယ်"

"ဟုတ်"

        ဟုတ်ဟူသည့် အ​ဖြေက အားချုံးသူ့ခေါင်းထဲတွင် သေချာမှတ်ထားလိုက်ပြီ ဖြစ်ကြောင်း ပြောတာနဲ့ အတူတူပဲ ဖြစ်သည်။ အရောင်တောက်နေသည့် ကိုးရောင်ရှိ ကြိုးများသည် ကြာပန်းလေးသဖွယ် လဲ့ကျီလက်ထဲမှ ထွက်ပေါ်လာပြီး အားချုံး၏ လက်သေးသေးလေးကို ဝန်းရံထားသည်။

        သူတို့သုံးယောက်လုံး မျက်တောင်မခတ် ကြည့်နေ၏။ ကြိုးလေးများသည် ရေအောက်ထဲတွင် လှုပ်ရမ်းနေသော ရေမှော်ပင်များလို နူးညံ့ပျော့ပြောင်းစွာ လှုပ်ခါနေပြီးမှ တဖြည်းဖြည်း ကွေးညွတ်ကာ အားချုံး လက်ကလေးထဲ ဝင်သွားသည်။

        လဲ့ကျီ မျက်လုံးအပြူးသား။ သူ့လက်ထဲက ထွက်သွားသော ကြိုးမျှင်များက သားငယ်၏ လက်ဖဝါးထဲကို အတားအဆီးမရှိ စိမ့်ဝင်သွားသည်။

"သားလေး....."

        လဲ့ကျီနှုတ်မှ ထွက်လာသောအသံ။

"လဲ့ကျီ ဘာဖြစ်လို့လဲ.... "
"ခမည်းတော် သားဘာဖြစ်လို့လဲ"

        လဲ့ကျီ အစီအရင်ကို ပြန်ရုတ်သိမ်းပြီး အားချုံးကို စွေ့ခနဲ ကောက်ပွေ့ကာ ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်တော့သည်။ သူအရမ်း ဝမ်းသာနေပုံကို ကြည့်ကာ စုန်ဟုန်းဟိုင်လည်း သိပ်နားမလည်ပေမယ့် သူနဲ့အတူ ပြုံးနေမိ၏။

"လဲ့ကျီ...."
"ဟင်"

"သားက ကိုးရောင်ချုပ်အစီအရင်ကို သင်နိုင်မှာလား"
"အင်း.... သားရဲ့အစွမ်းတွေ နိုးထလာပြီ ဝမ်းသာလိုက်တာ အားချုံးသာ ကိုးရောင်ချုပ်အစီအရင်ကို တက်သွားရင် သူကလော့မျိုးနွယ်မှာ အသက်အငယ်ဆုံး ပညာရှင်ဖြစ်လာမှာ.... ပုံမှန်ဆို ကိုးရောင်ချုပ်အစီအရင်ကို သင်နိုင်မယ့်သွေးက အသက်၇နှစ်လောက်မှ နိုးထတာ"

"ဘယ်လို?"

       စုန်ဟုန်းဟိုင်လည်း ဝမ်းသာစွာဖြင့် မတ်တပ်ထရပ်မိသည်။ သူတို့သားလေးက ပါရမီရှင်လေး ဖြစ်နေတာကိုး။ ကိုးရောင်ချုပ်အစီအရင်က အစွမ်းထက် အစီအရင်တစ်ခုမို့ အားချုံး သင်ကြားနိုင်တော့မှာ ဖြစ်တဲ့အတွက် လဲ့ကျီ အရမ်းကို ပျော်ရွှင်နေတာပင်။

System created (Completed)Where stories live. Discover now