Final

4.7K 180 51
                                    

လတ်တလော သတင်းမီဒီယာတွေရော လူမှုကွန်ယက်စာမျက်နှာပေါ်တွင်ရော ပလူပျံနေသော သတင်းတစ်ပုဒ်အဖြစ် နေရာယူထားသည်က ကမ္ဘာကျော်အဆိုတော် အမျိုးသားလေးနှစ်ဦး​၏ လက်ထပ်ပွဲပင်....

" ကိုကို....အရမ်းစိတ်လှုပ်ရှားနေလားဟင်....အားလုံးကိုကြေညာပီးပီဆိုတော့ ကိုကိုအဆင်ပြေရဲ့လား...."

" Hyung အမြဲမျှော်လင့်ခဲ့ရတဲ့ မျှော်လင့်ချက်လေးလေမောင်ရဲ့....ဘယ်တော့မှာ နောင်တမရသလို ဘာအကြောင်းကြောင့်မှ နောက်ပြန်မဆုတ်တော့ဘူး...."

"မောင့်လက်ကို ရဲရဲတွဲခဲ့လို့ ကျေးဇူးတင်ပါတယ်ကိုကိုရယ်....ဖြစ်ပျက်ခဲ့တဲ့ အတိတ်တွေကြောင့် ကံကြမ္မာကို မယုံကြည်လို့ ကတိတွေအများကြီးမပေးတော့ဘူး....ကိုကို့ကို မောင့်အသက်ထက် ပိုပီးချစ်တယ်ဆိုတာပဲ သိထားနော် ကိုကို...."

" မောင်က Hyung အတွက် ဘုရားပေးတဲ့ နာကျင်ခြင်းဆုလဘ်လေး....ချစ်ရလွန်းလို့ မောင့်ကိုမြင်လိုက်တိုင်း ရင်ဘတ်ထဲမှာ စူးနေတာပဲ....
Hyung အတွက်မောင့်ဆီက ကတိတွေမလိုဘူး....သီးသန့်လုပ်ယူစရာမလိုပဲ အရိုးရှင်းဆုံးချစ်ပေးတတ်တဲ့ မောင့်အကျင့်လေးတွေ အပြုအမူလေးတွေနဲ့ပဲ တစ်နေ့တာကုန်ဆုံးချင်တယ်မောင်....မနက်ဖြန်တွေ အနာဂတ်တွေခဏမေ့ထားပီး ဒီနေ့လေးမှာပဲ သဲသဲလှုပ်ချစ်ပေးပါရစေမောင်ရယ်....."

" ဟုတ်ကဲ့....မောင့်ရဲ့မပြည့်စုံခြင်းတွေကို ဖြည့်ချစ်ပေးလို့ ဒီကမောင်ကလဲ တုန်နေအောင်ချစ်ရတာပါကိုကိုရယ်....ဧည့်သည်တွေစောင့်နေကြပီ....ခန်းမထဲမောင်အရင်ဝင်နှင့်မယ်နော်...."

Jungkook အဖြူရောင်နတ်သားလေးရဲ့ နှဖူးထက် အပြုံးလေးတစ်ပွင့်နှင့်အတူ တရှိုက်မက်မက် အနမ်းတစ်ပွင့်ခြွေလိုက်ပီး ခန်းမရှေ့ တွင် နေရာယူနှင့်သည်....

ခဏအကြာ ကော်ဇောနီလျှောက်လမ်းပေါ်တွင် ခပ်ဖွဖွလျှောက်လှမ်းလာသော အသည်းနင့်အောင်ချစ်ခဲ့ရသော အဖြူရောင်သတို့သားလေးက ဒယ်ဒီ့လက်ကိုဆွဲလို့ နီးကပ်လာလေ ရင်ခုန်ရလေပင်....ခုန်ပေါက်ပြေးဆင်းသွားသော မျက်ရည်တွေကတော့ အချစ်ရဲ့သက်သေများအဖြစ် မှတ်တမ်းတင်ကြလေရဲ့....

JOURNEY TO LOVEOù les histoires vivent. Découvrez maintenant