Part 34

1.1K 97 7
                                    

" လမ်းခွဲမယ်....."

" ဘာ.....ကိုကို....ပြန်ပြောလိုက်စမ်း...."

" လမ်းခွဲမယ်လို့ပြောနေတာ....မင်းနဲ့ငါနဲ့ ရှေ့ဆက်လက်တွဲဖို့ မဖြစ်နိုင်တော့ဘူး....ငါဒီ့ထက်ပိုပီး သည်းမခံနိုင်တော့ဘူး...."

" မောင် ကိုကို့ကို တန်ဖိုးထားပီး ချစ်ခဲ့တာလေဗျာ...မဖြစ်နိုင်ပါဘူး....လမ်းခွဲဖို့စကားက စနောက်ပီးတောင် မကြားချင်ဘူးဗျ....."

" နှစ်ယောက်လုံးနာကျင်ရမယ့်လမ်းကို မရွေးတာအကောင်းဆုံးပဲ မောင်.....Hyung တွေ့ချင်လွန်းလို့ချိန်းတာတောင် အချိန်မနဲညှိရတယ်...နောက်နောင် မတွေးရဲလောက်အောင် အနေဝေးသွားမှ နှစ်ယောက်လုံးပိုခံစားရလိမ့်မယ်.....

လိုလေသေးမရှိ ဂရုစိုက်ပီးချစ်ခဲ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်မောင်....."

Jimin အားတင်းပြောနေသည့်ကြားက ထိန်းမရအောင် တုန်နေသောအသံက ခံစားချက်ပေါင်းစုံရောပြွန်းနေသည်....

" မောင် လက်မခံနိုင်ဘူးကိုကို..... ညှိမရရင် ရအောင်ညှိမယ်....ဒါမှအဆင်မပြေသေးဘူးဆိုရင် မောင် Idol ဘဝကိုလက်လျှော့လိုက်မယ် ကိုကို....

ကိုကိုနဲ့ဝေးရရင် မောင်ဘာကောင်မှမဟုတ်တော့လို့ မထားခဲ့ပါနဲ့ဗျာ....အတူပုံဖော်ခဲ့ကြတဲ့အနာဂတ်တွေအတွက် အက်ကြောင်းသေးသေးလေးတောင် အထင်မခံနိုင်ဘူးကိုကို...."

" အက်ကြောင်းက ကြီးလာပီမောင်....ရှေ့ဆက်လျှောက်ရမယ့်လမ်းမှာ နေပျော်အောင် ကြိုးစားပါမောင်....Hyung တို့တွဲလက်တွေက ဒီမှာပဲပြုတ်ခဲ့ပီ...."

Jungkook ဘယ်လိုမှ ဆက်ဟန်မဆောင်နိုင်တော့....စနောက်ပီးတောင် လေသံမာမာမပြောမိအောင် တန်ဖိုးထားမြတ်နိုးလွန်းရသူလေးက လမ်းခွဲမယ်တဲ့....

အရုပ်ကြိုးပြတ်လဲမကျခင် မထင်ရလောက်အောင် စိတ်ဓာတ်မာကြောလွန်းသော ကမ္ဘာငယ်လေးကို ပွေ့ဖက်ပီး မွတ်သိပ်တောင့်တမိသော အနမ်းချိုချိုလေးကို အရူးအမူးရှာဖွေမိသည်....

ဒီအနမ်းလေးနဲ့ဝေးရာအရပ်မှာ သူမရှင်သန်နိုင်...
ဒီအပြုံးလေးနဲ့ ဝေးရာအရပ်မှာ သူမပျော်ပိုက်နိုင်....
ဒီအလှတရားလေးနဲ့ မျက်စိတမှိတ်တောင် မဝေးနိုင်.....ဒီလောက်ရူးသွပ်တဲ့ကောင်အတွက် ပြန်ရလိုက်တာက လမ်းခွဲခြင်းတဲ့လား.....

JOURNEY TO LOVEWhere stories live. Discover now