Part 26

1.3K 124 2
                                    

Jimin တစ်မနက်ထဲနှင့် လုပ်စရာရှိသည်များ အပီးသတ်၍ စောစောပြန်လာခဲ့သည်...သူမှစောစောပြန်မလာရင် ကောက်တေးလေးက ချိန်းထားသည့်နေရာသို့သွားမည်မဟုတ်မှန်း သိပီးသားပင်....

" မောင်....ကောင်းကောင်းမွန်မွန်ပြောခဲ့နော်....စကားလဲမမှားစေနဲ့...ယဉ်ယဉ်ကျေးကျေးလေးပြောခဲ့နော်...."

" ကိုကိုမလိုက်ရင် မောင်လဲမသွားဘူး....မောင့်ကိုအသားယူလိုက်ရင် ဘယ်လိုလုပ်မလဲ...."

" မဟုတ်တာတွေလျှောက်တွေးနေပြန်ပီ....ဒယ်ဒီကရော အဲ့လိုလူဆီ သူ့သားကိုလွှတ်မှာတဲ့လား..."

" မသိဘူးကွာ....ကိုကိုမလိုက်ရင်လေ မောင်ကလေ အရမ်းအားငယ်တာပဲ...သိလား..ဒီအသဲလေးက ပိ...စိလေးဖြစ်သွားတာပဲ....လိုက်ခဲ့ပါနော် ကိုကို နော်လို့...."

Jimin ရင်ခွင်ထဲကိုမှီ ရင်ဘတ်သေးသေးလေးကို လက်ညိုးလေးဖြင့်ထိုးထိုးပီးပြောနေသော ဂျစ်တူးလေးက ဘုရားစူးဗလကြီးပါလို့ပြောရင်တောင် ယုံစရာမရှိ....

Jimin နှင့်တူတူနေတာကြာလို့ထင်သည်...Jimin အတိုင်းချွဲပုံချွဲနည်းပါ အတုခိုးပီး လိုက်လုပ်နေသောကောင်လေးက တစ်ခါတစ်လေ " ကျနော်က Hyung ရဲ့ Copy Cat လေးပါ " ဟု ပြောတတ်သေးသည်

ခုလဲ ခန္ဓာကိုယ်ကြီးမှအားမနာ ပေါင်ပေါ်လာထိုင်ပီး ရင်ခွင်ထဲခေါင်းတိုးပီးချွဲနေသော ဗလကြီးကိုဖက်ထားရသူမှာ ညောင်းနေပီ...သူကတော့ချွဲလို့မဝသေး....

နောက်ဆုံးချိန်းထားရာသို့ စောသွားလိုက်ပီး မလှမ်းမကမ်းခုံတွင် ထိုင်စောင့်ပေးရတော့သည်.....ကိုယ့်ကိုလူသိမှာစိုးလို့ အုပ်ရကာထားရသည်မှာလဲ မုန့်ဖက်ထုပ်ဖြစ်နေပီ....

စောင့်နေသည့်သူက ခဏအကြာမှရောက်လာသည်....ခန့်မှန်းထားသည်ထက် ငယ်လွန်းနေ၍ Jimin စိတ်ထဲအလိုမကျမိသည်ကတော့ အမှန်ပင်....ငယ်ရွယ်မှုနှင့်မလိုက်အောင် ခေတ်ဆန်ဆန်အသွင်ပြင်က ထင်းခနဲဆွဲဆောင်နိုင်လွန်းသည်ကြောင့် မျက်ခုံးတန်းနှစ်ဖက်ပင် တွန့်ချိုးသွားမိသည်.......

" အမနောက်မကျပါဘူးနော် Jungkook ssi...."

" ကျနော်ကစောရောက်နေတာပါ....ကျနော်နဲ့တွေ့ချင်တဲ့ကိစ္စက....Miss...."

JOURNEY TO LOVEWhere stories live. Discover now