Part 5

2.8K 283 23
                                    

ကျောင်းသူလေးကောင်းမှုကြောင့်....ဆရာလီ သတိပေးခြင်းခံရပီး....စောင့်ကြည့်ကာလအဖြစ်သတ်မှတ်ခံလိုက်ရသည်....Jimin ကတော့ တစ်ယောက်ထဲ စာမေးပွဲနှစ်ခါပြန်ဖြေလိုက်ရသည်
စာမေးပွဲresultကို....တစ်ခါတည်းသိရမည်ဖြစ်၍.....

စိတ်လှုပ်ရှားစွာစောင့်နေသော Jimin လက်လေးကို Taehyung နှင့် Jungkook ကတစ်ယောက်တစ်ဖက်ဆီ ဆုပ်ကိုင်ပေးထားကြသည်

" Park Jimin shi....စာမေးပွဲအဖြေထွက်ပါပီ....ကျောင်းအုပ်ရုံးခန်းကိုလိုက်ခဲ့ပါ "

ရုံးစာရေးမလေး​၏ အပြောနောက်တွင်တော့...Jimin စိတ်လှုပ်ရှားမှုများ...ထိန်းမရခဲ့....လက်တစ်ဖက်စီမှ...အားပေးသလိုဖျစ်ညစ်ဆုပ်ကိုင်ပီး အချိုသာဆုံးအပြုံးလေးမြင်လိုက်မှ....ရုံးစာရေးမလေးနောက်ခြေလှမ်းမှန်မှန်....လိုက်သွားနိုင်တော့သည်

" Park Jimin shi.....အဖြေသိချင်နေပီလား....ဆရာတို့ကလဲ ကျောင်းရဲ့ထုံးစံအရ...အရင်မေးခဲ့တဲ့မေးခွန်းထက်ခက်တဲ့မေးခွန်းထုတ်လိုက်ရတဲ့အတွက်....စိတ်မကောင်းပါဘူး...."

" ဆရာရယ်....ကျနော်စိတ်လှုပ်ရှားလွန်းလို့သေတော့မယ်...ကျနော်ထပ်ကျတာလားဆရာ "

" ဟားဟား.....အောင်ပါတယ်ဗျာ....အဆင့်ကောင်းကောင်းနဲ့ကိုအောင်ပါတယ်....ဂုဏ်ယူပါတယ် Park Jimin shi...."

" အဲ့လိုဆိုကျနော် နောက်တစ်တန်းတက်လို့ရပီပေါ့နော်ဆရာ....ကျေးဇူးတင်ပါတယ်ဆရာ "

Jimin ပျော်လွန်းလို့ ကျောင်းအုပ်ကိုပင်နှုတ်မဆက်နိုင်တော့....အပြင်ပြေးထွက်ပီး Jin hyung နှင့် သူငယ်ချင်းများကိုသာ ဖက်ထားလိုက်တော့သည်..

ထိုထိုသောအခြေနေရောက်ဖို့....တစ်ယောက်သောသူက မည်မျှကြိုးစားခဲ့ရသည်ကတော့ ကာယကံရှင်ကိုယ်တိုင်သာ....သိနိုင်ပေလိမ့်မည်

Flash back
Jungkook ကျောင်းအုပ်ကြီးအပါအဝင် ဆရာဆရာမများကို...အပူကပ်ပီး...တောင်းပန်ခဲ့ရသည်....မရသည့်အဆုံး ဆရာလီ​၏ ဖုန်းrecord ပြပီး...တရားစွဲမည်ဆိုမှ....Jimin​၏ ဒုတိယအကြိမ်မြောက် စာဖြေဆိုခွင့် ရရှိလာခဲ့တော့သည်..

နောက်အိမ်ထောင်ပြုလိုက်သောကြောင့် စကားပင်သေချာမပြောဖြစ်ခဲ့သောဖခင်​၏ ပါဝါအာဏာကိုပင်....တောင်းခံခဲ့ရသည်....

JOURNEY TO LOVEWhere stories live. Discover now