Part 20

1.7K 156 8
                                    

Taehyung တစ်ယောက် မနက်စောစောတက်ကြွနေသည်...
အဝတ်ဗီဒိုထဲက တစ်ထည်ပီးတစ်ထည်ဆွဲထုပ်လိုက် ကိုယ်နဲ့ကပ်ကြည့်လိုက်နှင့် အလုပ်များနေပီး ပျာယာခတ်နေသည်

စိတ်တိုင်းကျပြင်ဆင်ပီး Jimin Hyung ဆီသွားမည်အလုပ်...

" သား ဒါဘယ်ကိုသွားမလို့လဲ....မာမီဧည့်သည်တွေနဲ့ချိန်းထားတယ်လို့ ပြောထားတယ်လေ..."

" သားမပါလဲဖြစ်တယ်မဟုတ်လားမာမီရာ....မာမီတို့စီးပွားရေးအကြောင်း သားမှနားမလည်တာ...."

" ခုကစီးပွားရေးအကြောင်းဆွေးနွေးမလို့မဟုတ်ဘူး...သားရေးသမီးရေးဆွေးနွေးမလို့...မာမီနောက်ထပ်ခြေလှမ်းအသစ်လှမ်းမယ့်ဟိုတယ်လုပ်ငန်းက သူတို့မိသားစုအကူညီအများကြီးပေးထားတာသား....မာမီ့ကိုမျက်နှာပျက်အောင်မလုပ်နဲ့...."

" သားမှာ Hyung ရှိတယ်လေမာမီ....ပီးတော့ သားက မိန်းမစိတ်မဝင်စားဘူးမာမီ..."

" Kim Taehyung...မာမီအတင်းအကျပ် မလုပ်ချင်ဘူး....ခုမာမီပေးစားမှာလဲ မိန်းမမဟုတ်ဘူး....

မင်းအကောင်က ရုပ်လေးတစ်ခုပဲ သုံးစားလို့ရတာလေ....မာမီတို့အသိုင်းအဝိုင်းထဲ ဆွဲမသွင်းနိုင်ဘူးသား...."

" မာ..မီ...."
Taehyung သူ့မာမီကို အော်မိသည်အထိ စိတ်ဆိုးသွားသည်...သူအမြတ်တနိုး ပျိုးခဲ့တဲ့ပန်းလေးကို လေပြင်းပြင်းတိုက်တာတောင် မကြိုက်ဘူးမဟုတ်ပါလား...ကားသော့ဆွဲပီး ထထွက်မည်လုပ်တော့...

" အဲ့အချိုးကို ခုချက်ချင်းပြန်ပြင်လိုက်စမ်း Kim Taehyung....ငါ့ကိုဘယ်လိုမျက်လုံးနဲ့ကြည့်နေတာလဲ....မင်းငါ့အကြောင်းသိတယ်နော်....ခုချက်ချင်းပြန်ဝင်လိုက်စမ်း....

လာခဲ့ကြစမ်း....နင်တို့သခင်လေးကို အခန်းထဲခဏထည့်ထားလိုက်...."

Taehyung ဘာမှပြန်ပြောချိန်မရ...အခန်းထဲဆွေ့ကနဲပင်ပါသွားသည်...

" မာမီမတရားဘူး....မာမီတားလဲ Hyung ကိုချစ်တာတစက်မှမလျော့သွားဘူးမာမီ....လွှတ်စမ်းငါ့ကို....ခုချက်ချင်းလွှတ်ကြစမ်း...."

" အေးအဲ့မှာ အာခေါင်ကွဲအောင် အော်နေလိုက် Kim Taehyung....မင်းအကောင်က သူ့ရည်းစားနဲ့ပျော်နေပီကွ...အဲ့ဒါသိရဲ့လား....မာမီ့ကိုအချိန်တန်ရင် နားလည်မှာပါသားရယ်...."

JOURNEY TO LOVEWhere stories live. Discover now