Part 32

1.1K 94 0
                                    

Suga တို့ ချိန်းထားသည့်ဟိုတယ်ရောက်တော့ အဆင်သင့်ပြင်ဆင်ထားသော Taehyung တို့က အခန်းလိုက်ပြသည်....

" ဟိုကောင်....မင်းဟုတ်မှလဲလုပ်နော်...."

" ငါ့Daddyအကြောင်း ငါအသိဆုံး...ဒါနောက်ဆုံးလက်နက်ပဲဖြစ်လိမ့်မယ်...."

" ခြေချော်လက်ချော်ဖြစ်ခဲ့ရင် နာမည်ပျက်မှာ မင်းတို့နော်...."

" JiJi ရော ကိုရော သိပါတယ် Hoseok hyung....ဒါပေမယ့် ဂုဏ်သိက္ခာကိုအရမ်းအလေးထားကြတဲ့ အဖေနှစ်ယောက်ကို ဒီနည်းနဲ့ပဲ ပုန်ကန်ရမှာပဲ....
သူတို့သားတွေရဲ့ အတွင်းရေးကိစ္စကို လိုင်းပေါ်တော့ဘယ်နည်းနဲ့မှအရောက်ခံမှာမဟုတ်ဘူး....ဒါကိုင်ပီးအကျပ်ကိုင်ရင်တော့ သဘောတူကောင်းပါရဲ့...."

" သေချာတယ်ဆိုရင်တော့ ဝင်တော့လေ....ငါနဲ့အသဲလေးနဲ့ ဒီဖက်ခန်းမှာရှိနေမယ်....ဟိုIdol နှစ်ယောက်ကတော့ ဘယ်လိုမှမလစ်လို့ မလာတော့ဘူးတဲ့...."

Suga တို့ လုပ်မယ်သာပြောတာ တစ်ခါမှခုလိုမဖြစ်ဘူးတော့ လန့်နေသည်....ဟိုတယ်ခန်းကုတင်ကို ချိန်ထားသော Camera ကြီးက လန့်ဖျားဖျားလောက်သည်....

" ကို....ဖြစ်...ဖြစ်ပါ့မလား....JiJi ရှက်တယ်...."

" JiJi လေးရယ်....အစပိုင်းလောက်ပဲရိုက်ထားမှာပါ...ပီးရင် Camera ပိတ်ပစ်မှာပါ....မစိုးရိမ်ပါနဲ့ကလေးရယ်...."

" ကိုနဲ့မခွဲနိုင်လို့သာ လိုက်လျောရတာ...ဒီကိစ္စသာလိုင်းပေါ်ပြန့်သွားရင် JiJi ရှက်လို့သေမှာပဲ....."

" ကိုယ့်ကိုအရမ်းချစ်တယ်မလား....ဒါဆို ငြိမ်ငြိမ်လေးနေ...."

Suga စကားများနေသော Jihwan ကို စကားမဆက်စေတော့ဘဲ ချစ်ရိပ်မြုံလေးတစ်ခု ဖန်တီးလိုက်သည်...ဖြူဖြူဖွေးဖွေးခန္ဓာကိုယ်နှစ်ခုပေါ်တွင် Boxer လေးများသာ အရှက်လုံရုံဖုံးတော့သည့်အနေအထားတွင် Camera ကို ပိတ်ချလိုက်သည်.....

Jihwan တစ်ကိုယ်လုံးအနမ်းတို့​၏ ခြေရာများ ပွစာကြဲလို့....ကုတင်ပေါ်တွင် လူးလွန့်နေသော ခန္ဓာကိုယ်သေးသေးသွယ်သွယ်လေးက ချစ်သံစဉ်များရေရွတ်နေသည်မှာ သမာဓိအားကောင်းသော Suga ပင် စိတ်လွတ်သွားသည်အထိ ကြမ်းတမ်းမိသည်....

JOURNEY TO LOVEWhere stories live. Discover now