Part 4

2.9K 295 14
                                    

" Yarr.....Park Jimin.....ဆရာတွေရှေ့မှာငါဘယ်လိုမျက်နှာပြရမလဲ....မင်းတို့လုပ်ပုံကောင်းကြသေးရဲ့လား "

အမူပိုမျက်နှာဘေးလေးဖြင့်

" အွန့်ဟွန်အွန်း.....Hyung ကလဲ မင်လေးကလိမ်မာပါတယ်....တစ်ခါတစ်လေလေး သွားမိတာကို ဆူဖို့ချည်းဖဲ....ဒီညီလေးတစ်ယောက်ထဲရှိတာ....အလိုလိုက်မယ်မရှိဘူး "

" ကိုယ့်အပစ်ကိုယ်သိလား....ပီးတော့ခုတလောဘာအရူးထနေတာလဲ....ဒီယွန်းဘူးကရော ဘာအဆန်းထွင်ပြန်ပီလဲ "

" အမလေးလေး....အဲ့ဒါလေးတော့မထိပါနဲ့နော်....ပြန်ပေးပါ hyung ရာ...."

" အဲ့လိုဆိုတစ်အိမ်လုံးပတ်ပြေးမနေနဲ့လေ....Hyung အသက်ကြီးပီကွ....ငြိမ်ငြိမ်နေမှာလား ဒီယွန်းဘူးထဲကဟာတွေ မီးရှို့ပစ်ရမှာလား "

" မလုပ်နဲ့လို့.....လာပီလို့ဆို....အဲ့အုတ်မုတ်ခွက်ကေကြီးမညပ်ချင်ပါဘူးဆိုတာကို....မေမေနဲ့ဖုန်းဆက်ပီးတိုင်ပြောမယ် "

" မလိုချင်ဘူး....လာခဲ့....မလာသေးဘူးလား....ငါထိန်းမနိုင်ရင် မေမေ့ဆီပို့လိုက်တော့မှာနော်....ခုချက်ချင်းငြိမ်ငြိမ်နေမှာလားမနေဘူးလား "

အိမ်အနှံ့ပတ်ပြေးနေသော....Jimin ကို မာမီနှင့် သူ့ယွန်းဘူးလေးနှင့်အကျပ်ကိုင်လိုက်မှငြိမ်ကျသွားသည်

" ဟားဟားချစ်စရာလေးကွာ....Hyungကလေးလေးကခုမှပဲ....ကလေးပိစိလေးဖြစ်သွားပီ....ဟားဟားဟား.....ခီရောဝေါ Jimin nah...."

မှန်ထဲကြည့်မိတော့...ဆူဆူပုတ်ပုတ်ကလေးပိစိလေးက မှုန်ကုပ်နေပြန်သည်

" ရပီမဟုတ်လား....ကျေနပ်ပီလား....ဒီညီလေးတစ်ယောက်ပဲရှိတာ....အနိုင်ကျင့်နေ....တသက်လုံးမိန်းမမရပါစေနဲ့ဗျာ "

" Jimin nah....Hyungကမိန်းမမရလဲ ယောကျ်ားယူမှာပေါ့ကွ....ဟားဟားဟား "

ဆူပုတ်ပီး အိမ်ပေါ်ကိုခြေဆောင့်ပီးတက်သွားတာက Jimin စိတ်ဆိုးတိုင်း လုပ်နေကျချစ်စရာအမူကျင့်လေးတစ်ခုပါပင်.....

အခန်းထဲရောက်တော့ မှန်ကြည့်လိုက်ရင်း

" ဟားဆိုးလိုက်တဲ့ကေကွာ....ငါ့ရူပါလေးတော့ကျပါပီ....အကျင့်ပုတ်Jin hyung.....ကျောင်းကအပျိုကြီးSam နဲ့ကို လှော်ပေးအုံးမယ်...."

JOURNEY TO LOVEWhere stories live. Discover now