Part 8

2.3K 244 0
                                    

Jimin ကိုမီးဝင်းဝင်းတောက်မျက်နှာဖြင့် ကြယ်သီးများဖြုတ်နေသော လုံခြုံရေးက အနုအလှလေးကို စရောက်ထဲက အကြိမ်ကြိမ်ပစ်မှားနေသည်....

စိတ်ပြောင်းသွားပီးထိုင်ကြည့်နေသော သူဌေးဖြစ်သူမှာလည်း....လုံခြုံရေးနှင့် Jimin ​၏ အပြုအမူများကို ဖုန်းတစ်လုံးဖြင့် လိုက်ရိုက်နေသည်မှာ ရွံရှာဖွယ်ပင်....

" လှလိုက်တာကွာ...မင်းလေးကအရမ်းလှတော့လဲ ငါ့အတွက်နိဗ္ဗာန်ပေါ့ကွာ.....ဆရာ အနီးကပ်တော့မရိုက်နဲ့နော်....အလှလေးရှက်သွားမှာစိုးလို့ "

" ခွေးမသား မအလ...တဏှာရူး..သေစမ်းကွာ"

ရုတ်တရက်ပွင့်လာသော မျက်လုံးများနှင့်အတူ အလှလေးက သူ့ကိုယ်ပေါ်တွင်အုပ်မိုးထားသော တဏှာရူးကို အလစ်အငိုက်အချက်ပေါင်းများစွာထိုးလိုက်ပီး...ကြောင်နေသောသူဌေးဖြစ်သူကိုလဲ စုတ်ပြတ်သွားအောင်ဖြဲလိုက်ပြန်သည်.....

တဏှာရူးသူဌေးရိုက်ထားသော Video record ပါသောဖုန်းကို ကောက်သိမ်းလိုက်ပီး Jin Hyung ​၏ CCTV recordပါသော Hard disk ကိုလဲ ဖြုတ်ယူခဲ့သည်....

Flash back start.....
Jimin လဲ Idol ဖြစ်ဖို့ အရာရာသတိထားနေသည့်အကျင့်လေးတစ်ခုကိုကျေးဇူးတင်ရမည်....Jimin ဝင်လာတည်းက ဂဏာမငြိမ်သော တဏှာရူးကို....သတိလွတ်မသွားအောင်စောင့်ကြည့်နေရသည်....
ထို့နောက် Jungkook ကို အမြန်လာခဲ့ရန် မက်ဆေ့ချ်ပို့လိုက်သည်....

📩 Kookie....Club က CCTV အခန်းကို မြန်မြန်လာခဲ့ပါ...Hyung ကြောက်တယ် 📩

လုံခြုံရေးတိုက်သောအအေးကိုလဲ သောက်ချင်ယောင်ဆောင်ပီး....သူတို့ခင်းထားသောပြဇာတ်ကို ဆက်ကခဲ့သည်.....တဏှာမျက်နှာဝင်းဝင်းတောက်သော မျက်လုံးများဖြင့်အကြည့်ခံနေရသည်ကိုလဲ မသတီလှပါ....သို့သော်နောက်ကွယ်ကလူကို ဖော်ထုတ်ဖို့ ခဏသည်းခံရမည်

Jimin pov....
ကလေးလေး....hyung ကြောက်တယ်...အမြန်လာပါတော့ကွာ

Flash back end......

" ပြောစမ်း....ဘယ်ကောင်လုပ်ခိုင်းတာလဲ....ဒီနေရာမှာတင် သေသွားချင်တာလား "

လက်စလက်နပြင်းသော Jimin​၏ ဇကမသေးလှပေ...ကြမ်းပေါ်တွင်ဖရိုဖရဲ အလဲလဲအကွဲကွဲတဏှားရူးနှစ်ယောက်မှာပုံလျက်သား......

JOURNEY TO LOVEWhere stories live. Discover now