Part 28

1.3K 114 8
                                    

မနက်ခင်းနေခြည်နုနုက ဒီနေ့မှ ဒေါသထွက်စရာကောင်းလောက်အောင် မျက်နှာကိုလာထိုးနေသည်....စိတ်ထဲကကျိန်ဆဲလိုက်ပီး လက်မောင်းပေါ်က Sunshine လေးများ နိုးသွားမလားကြည့်ရသေးသည်.....

သူ့အတွက်သာ သီးသန့်သာနေသော Sunshine လေးအနားမှာရှိနေ၍ နေရောင်ခြည်ရဲ့အနွေးဓာတ်ကို ထပ်မံမလိုအပ်တော့...

တအိအိလှုပ်ရှားလာသော ကဗျာလေးက နိုးလာပီထင်သည်...ချွဲချင်လို့ပဲ ရင်ခွင်ထဲ ခေါင်းတိုးဝင်နေသလား ညကအဖြစ်ကြောင့်ပဲ အရှက်သည်းနေသလားမသိ....မျက်နှာလေးကြည့်ချင်ပါတယ်ဆိုတာတောင် အတင်းဖွက်ထားသည်.....အသဲယားလွန်း၍ တရှုံ့ရှုံ့နမ်းလိုက်ပီး....

" ဟိတ်...အသဲလေး....မျက်နှာလေးကြည့်ပါရစေအုံး....မနက်အိပ်ရာထ ဘယ်လောက်ချောလဲလို့...."

" ယောင်းငယ်....မစနဲ့တော့ကွာ...ရှက်လာပီ..."

" ညကကိုယ်နဲနဲကြမ်းသွားတယ်....အရမ်းနာသွားလားဟင်..."

" arr....မစပါနဲ့တော့ဆို....တော်ပီရေထချိုးတော့မယ်....."

Hoseok ရှက်ကိုးရှက်ကန်းထထွက်လာတာ ကိုယ့်ကိုကိုယ်တောင် သတိမထားမိ...အဝတ်မပါသော သူ့ကို အစုန်အဆန်ကြည့်နေသောမျက်ဝန်းတို့နှင့်ဆုံမှ ကိုယ့်ကိုကိုယ်ပြန်ကြည့်မိသည်.....

" wow....Kim Taehyung တို့တော့ ကံကောင်းပီဟေ့...အချောအလှလေးကို ပိုင်ဆိုင်ရုံတင်မကဘူး အဲ့အလှလေးကလဲ ကိုယ့်ကိုသိပ်ချစ်တာတဲ့....

ကြည့်ပါအုံး....နှုတ်ခမ်းလေးတွေ ပါးလေးတွေရဲလို့...ဗိုက်သားလေးတွေကလဲ အဆီပိုမရှိ ချပ်ကပ်လို့....ပီးတော့...အဟိ...ဆက်ပြောရမလား..."

Hoseok အောက်ပိုင်းကို တဘက်တထည်ယူပတ်လိုက်တော့....

" ခုမှ အရှက်သည်းနေပြန်ပီ....ညတုန်းကကျ အောက်ပိုင်းမလှုပ်ရှားနိုင်တဲ့ကိုယ်တောင် ဒီအသဲလေးကြောင့် ထပ်ခါထပ်ခါ လိုချင်လာအောင် ဆွဲဆောင်ခဲ့ပီးတော့...."

" ပါးစပ်ကိုဘာနဲ့ပိတ်မှ ဆက်မပြောတော့မှာလဲ Kim Taehyung ssi..."

" kiss...."

" kiss ပဲရမယ်နော်..."

Hoseok ကုတင်ပေါ်က စနေသော Taehyung ပါးစပ်ပိတ်သွားအောင် အနမ်းပေးလိုက်တော့ ကုတင်ပေါ်လှဲချခံလိုက်ရသည်....

JOURNEY TO LOVEDove le storie prendono vita. Scoprilo ora