Part 39

1.4K 104 4
                                    

Yumi သူ့အကြံစည်တွေအထမြောက်တော့မည်ကိုတွေးရင်း သူPark Miraeကိုရှုံးနိမ့်ခဲ့သမျှ အကျေနပ်ကြီးကျေနပ်နေသည်...Jimin ကိုမူးယစ်ဆေးထိုးသွင်းပီး ကားထဲမှာဆေးလွန်သည့်ပုံစံ ဆိပ်ကမ်းတစ်နေရာတွင် ထားခဲ့မည်ပေါ့....သူ့အကြံစည်တွေ အထမြောက်အောင်လဲ အနှစ်နှစ်အလလကြိုတင်ကြံစည်ခဲ့ ကိုယ်တိုင်လဲပူလောင်ခဲ့ရတာ ညတိုင်းနီးပါးပင်.....

Jeon Oppa နဲ့ စုန်းမတို့ ကြည်နူးနေသည့်အချိန်တွေဆို ရင်ကွဲမတတ်နာကျင်ရသည်....သားငယ်တို့အဖေဖြစ်သူကိုတော့ ပိုက်ဆံမက်လို့ယူခဲ့တယ်ပဲဆိုဆို ချစ်မရခဲ့ပါ....ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ စူးနစ်စွာချစ်ခဲ့မိသူတစ်ယောက်ရဲ့ အမုန်းတရားက တမြေ့မြေ့လောင်ကျွမ်းစေမှန်း သူမကိုယ်တိုင် ကြုံတွေ့ရမှ သိခဲ့ရသည်....

" ငါမှာထားတာ ရခဲ့လား...."

" ဟုတ်...ရခဲ့ပါတယ်သခင်မကြီး..."

တပည့်ဖြစ်သူကဆေးထိုးအပ်နှင့် အဖြူမှုန့်တွေပေးလိုက်တော့ သူမကိုယ်တိုင်ရောစပ်ပီး Jimin ကိုထိုးပေးရန် Jimin ရှိရာသို့သွားခဲ့သည်....

Jimin သူ့ကိုဆေးလွန်သေသည့်ပုံစံလုပ်တော့မည်ကို သိလိုက်ပီ....အသက်သေရမှာ မနှမြောမိပေမယ့် သူမရှိတဲ့ကျန်ဘဝမှာ မောင်ရှင်သန်နိုင်ပါ့မလား တွေးပူမိသွားသည်....

" ကျုပ်တောင်းပန်ပါတယ်ဗျာ....မလုပ်ပါနဲ့....ကျုပ်မရှိရင် မောင်ကသူပါလိုက်သေမှာ...သူ့ဘဝလေးအညွန့်ကျိုးသွားလိမ့်မယ်...မိုးနတ်မင်းကြီး ကယ်ပါအုံးဗျာ....
ကျနော့ကိုသိပ်ချစ်တဲ့မောင် သေလူနဲ့မထူးတဲ့လူတစ်ယောက်အနေနဲ့ အသက်ဆက်ရှင်သွားရလိမ့်မယ်....မလုပ်လိုက်ပါနဲ့ဗျာ...."

" အေး...Jeon Oppa ကိုလဲ ငါအဲ့လိုဒူးထောက်တောင်းပန်ခဲ့ဖူးတယ်....သူမပါတဲ့ အနာဂတ်က ငါ့အတွက်အဓိပ္ပါယ်မဲ့ခဲ့သလိုပဲလို့လေ.....
ဒါပေမယ့် သူလုပ်ချင်တာ လုပ်သွားခဲ့တယ်....ငါ့ဘက်ကို နဲနဲမှငဲ့မကြည့်ခဲ့ဘူးလေ...."

" ခင်ဗျားသိပ်ရူးတာပဲဗျာ....အချစ်ဆိုတာ သီးသန့်လုပ်ယူလို့မရတဲ့ သူ့အလိုလိုဖြစ်တည်လာတဲ့ ခံစားချက်လေ....ခင်ဗျား သိပ်အတ္တကြီးလွန်းတယ်....."

JOURNEY TO LOVEWhere stories live. Discover now