Part 7

2.6K 246 6
                                    

Taehyung အိမ်ရောက်တော့ ရေချိန်အတော်ကိုက်နေပီဖြစ်သော သူငယ်ချင်းဖြစ်သူကိုမြင်တော့ Jungkook ရင်ထဲဆို့နင့်သွားသည်

" aww....လာပီလား Jungkook ah....လာ...သောက်ကြရအောင် "

" Taehyungah...ငါ...တောင်းပန်ပါတယ်ကွာ...."

" Hyung ကနေတာကလေ....အရမ်းလှတာပဲနော်...လနတ်သားလေး နတ်သက်ကြွေပီး လူပြည်ဆင်းလာသလားထင်ရတယ်....
ဒီလိုအခြေနေမှာ...စိတ်မထိန်းနိုင်ကြတာ ငါနားလည်ပေးလို့ရတယ် Jungkook.....ဒီအခြေနေမျိုးက နောက်ဆုံးဖြစ်ဖို့ မျှော်လင့်တယ်ကွာ "

" ငါ....ငါJimin hyung ကို....."

" ငါမကြားချင်ဘူး Jungkook....ငါတို့friendship ကို မင်းအရမ်းအလေးနက်ထားတယ်ဆိုတာ ငါသိတယ်...
ဒီကိစ္စကို မတော်တဆလို့ပဲ သတ်မှတ်ပေးမယ် Jungkook....ငါ့အတွက်တန်ဖိုးဖြတ်မရတဲ့ ခင်မင်မှုလေးကို ဘာအကြောင်းကြောင့်မှ...အပျက်စီးမခံနိုင်ဘူး....ငါ့အတွက် ကြိုးစားပေးမယ်မဟုတ်လား Jungkook ah..."

" Taehyung....ငါ....ငါ့ကိုအချိန်နဲနဲတော့ပေးပါကွာ...
ကျောင်းပီးတဲ့ထိပဲ....ပီးတာနဲ့မင်းလက်ထဲထည့်ပေးမှာပါ....ဒီကြားထဲလဲ ငါအနေထိုင်ဆင်ခြင်ပါ့မယ်ကွာ....
ပီးတော့ Hyung အတွက် ဒီရက်ပိုင်းအရမ်းရုန်းကန်နေရတယ်....ငါဒီအခြေနေမှာတော့ မထားခဲ့နိုင်သေးဘူး Taehyug....သူအခြေကျသွားမှ....ငါ....ငါလမ်းခွဲပေးနိုင်မယ်ထင်တယ် "

အဆုံးသတ်တိမ်ဝင်သွားသော အသံနှင့်အတူ....အရက်ပျင်းများက လည်ချောင်းတစ်လျှောက် လှိမ့်ဆင်းသွားသည်.....

Jungkook pov....
ပူလိုက်တာဗျာ....ကျနော့ရင်ထဲကို ဘယ်ကောင်မီးစာနဲ့ထိုးနေတာလဲ....အချစ်ကပူလောင်ရမှန်းသိရင်....ကျနော့ဖြစ်တည်မှုလေးနဲ့ အဝေးဆုံးမှာရှိနေမိမယ်ထင်တယ်....ဘာတွေမှားယွင်းခဲ့လို့ ကျနော့ဖြစ်တည်မှုလေးက မြင်နေလျက်နဲ့ ဝေးဝေးသွားရတာလဲဗျာ.....

" ငါ့သူငယ်ချင်းလေးက ပေးထားတဲ့ကတိကို အသက်ထက်တန်ဖိုးထားတတ်တာ ငါသိတယ် Jungkook....ငါစောင့်နေမယ်....ကျေးဇူးတင်တယ် သူငယ်ချင်းရာ "

" မလိုပါဘူးကွာ.....လာသောက်ကြရအောင် Taehyung ah...."

အတွေးကိုယ်စီဖြင့် ခေါင်းငိုက်စိုက်ကျနေသော သူငယ်ချင်းလေးနှစ်ယောက်ကိုတော့ အိပ်ခန်းCCTV မှထိုင်ကြည့်နေသော...Ms.Kim ​၏ နှုတ်ခမ်းထက်တွင်တော့....အပြုံးမမည်သော လှုပ်ရှားမှုလေး ရိုက်ခတ်သွားလေသည်

JOURNEY TO LOVEWhere stories live. Discover now