Part 29

1.2K 110 9
                                    

ဒီနေ့က Dorm ကိုသွားရမည့်ပထမဆုံးနေ့....Jungkook ကမ္ဘာငယ်လေးနဲ့မခွဲချင်ဘဲ ခွဲရအုံးမည်....ကိုကိုလိုက်ပို့လို့သာ ရောက်လာခဲ့သည်...သူကိုယ်တိုင်လာရမည်ဆိုလျှင် အိမ်ထဲမှခြေတစ်လှမ်းရွေ့မိမည်မဟုတ်....

ကိုကိုက ဘယ်လိုပြုမူနေထိုင်ရမည်....ဘယ်လိုဆက်ဆံပြောဆိုရမည်ကို ညတည်းက မနားတမ်းမှာတမ်းခြွေနေတာ တစ်ထောင့်တစ်ညပုံပြင်ထက် ရှည်နေပီ...မပီးနိုင်သေး....နှုတ်ခမ်းလေး တချွန်ချွန်နှင့် မှာတမ်းခြွေနေသည်မှာ ကိုက်စားချင်စရာ ကောင်းလွန်းနေသည်.....

" ကိုကို....မောင်ဒီနေ့အထဲဝင်ရအုံးမှာလား...မပီးသေးဘူးပေါ့....မောပီးသကြားဓာတ်ကျနေပီထင်တယ်....နှုတ်ခမ်းတွေလဲ ခြောက်လို့....မှန်းစမ်း....."

" မောင်....မကဲနဲ့ကွာ...တော်ပီဆို....တစ်ညလုံးလဲ နမ်းထားတာ နှုတ်ခမ်းကြီးယောင်နေပီထင်တယ်....
Hyung ဘာသံညာသံမကြားချင်ဘူးနော်မောင်....စိတ်ချလို့ရတယ်မလား...."

" ဒီEntertainment က trainingလေးတွေက ချောမှအခေါ်ခံရတာတဲ့....ဘယ်လိုလုပ်ကြမလဲ...."

ပခုံးလေးတွန့် မျက်လုံးလေးပြူး လျှာလေးထုတ်ပြနေသော ယုန်ဆိုးလေးက စနေပြန်သေးသည်....စိတ်ကောက်ရမှာ ကိုယ့်အလုပ် ပြန်ချော့ရမှာ သူ့အလုပ်မဟုတ်လား....Park Jimin တို့ကတော့ တစ်ပြားမှ မလျှော့နိုင်.....

" ဒီဘဲကြီးကတော့ ပေါင်နှစ်ခြမ်းဖြဲပီး ယုန်သားကင်လုပ်စားခံရတော့မယ်....သတ္တိသိပ်ရှိနေတယ်ပေါ့....."

Jungkook သူ့ပေါင်နှစ်ခုကြားကို လက်နဲ့ကာလိုက်ပီး မျက်လုံးပြူး နှုတ်ခမ်းထော်လေးနှင့် ထပ်စလိုက်သည်...

" အမလေး....တစ်ကောင်လုံးစားပစ်မှာပေါ့....ယုန်လေးဘဝသနားစရာပဲ....မျိုးတုန်းပါပီဗျာ...ဟိုနေရာလေးတော့ ချန်လေဗျာ...."

" ကဲ....ကဲ....စကားအကောင်းပြောလို့မရဘူးလား...."

" အား....နာတယ်ကိုကိုရဲ့....အဲ့....ဘယ်တွေလာဆိတ်နေတာလဲ...ဟားဟား....ချန်ထားပါဆို....."

" ပေါင်တွင်းကြောဆွဲလိမ်တာ...အဲ့နေရာနဲ့အဝေးကြီးပဲ...."

" မသိပါဘူး....မောင့်ကိုအသားယူနေတာလားလို့....ခိခိ..."

JOURNEY TO LOVEWhere stories live. Discover now