Part 40

1.5K 110 3
                                    

Couples of Months Later
ဆေးရုံကုတင်ဖွေးဖွေးပေါ်တွင် ငြိမ်သက်နေသော ခပ်ချောချောလူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး...လက်ဖျံပေါ်တွင်လဲ ထိုးသွင်းထားသော ဆေးပိုက်တန်းလန်း....ပါးစပ်ထဲတွင်လဲ အောက်ဆီဂျင်ပိုက်တန်းလန်းနှင့်....

ဘေးနားဆီမှာတော့ အသက်မတိမ်းမယိမ်းအမျိုးသားတစ်ဦး...ကုတင်ပေါ်က အမျိုးသားလေးလက်ကို ခပ်ဖွဖွဆုပ်ကိုင်ပီး အနမ်းဖွဖွပေးရင်း.....

" ကိုယ်ရုံးသွားရတော့မယ်....ဒီနေ့လဲ Sunshine လေးစိတ်မပူအောင် ကောင်းကောင်းစားပါ့မယ်...မြန်မြန်သတိရပါတော့ အသဲလေးရယ်....
ကိုယ့်ကို လာလာကြူတဲ့ကောင်မလေးတွေကို ကိုယ်တို့ရဲ့ဆင်တူလက်စွပ်လေးထောင်ထောင်ပြနေရတာ အဆင်ပြေမနေဘူးကွာ....ဒီမှာငါ့ချစ်သူလေးရှိတယ်ဆိုပီး လူကိုယ်တိုင်ပြချင်တာ...မင်းလေးမရှိတဲ့ ကိုယ့်ကမ္ဘာက မှောင်မိုက်နေတယ်....အရှေ့အရပ်ဆီက အမြန်ထွက်လာပါတော့ ကိုယ့်ဘဝရဲ့ Sunshine လေးရယ်...."

Taehyung ရုံးသွားတော့မည်ဖြစ်၍ Hoseok အမေက လာစောင့်ပေးသည်...Taehyung ဆေးရုံကပဲ ရုံးတက်သည်....ရုံးကပြန်တာနဲ့ ဆေးရုံကမခွာ....

" သား...ထယ်လေး...ရုံးနောက်ကျလိမ့်မယ်...သွားတော့လေ...မနက်စာစားပီးပီလား...ပိုထည့်ခဲ့တယ်...စားသွားပါလား...."

" တော်ပီအိုမား....ရုံးရောက်မှ စားလိုက်တော့မယ်..."

" အေးအေး....နေ့လည်စာလဲ သေချာစားအုံးနော်...."

" ဟုတ်ကဲ့....အိုမား...Hyung ကို ကျနော်ပြန်လာမှ ရေပတ်တိုက်ပေးမယ်နော်....လက်သည်းခြေသည်းတွေလဲ ကျနော်ပဲညပ်ပေးလိုက်မယ်....ထားထားလိုက်နော်...."

" အေးပါဟယ်....ငါကလဲ သူ့အမေပါ....ကဲလိုက်တာလဲ လွန်ပါလေရော...."

" အိုမား မနိုင်မနင်းဖြစ်နေမှာစိုးလို့ပါ...ကျနော် အလုပ်ပီးတာနဲ့ ပြန်ခဲ့မယ်နော်....ဘာမှာအုံးမလဲ...."

" ကိုယ့်အလုပ်သာ အာရုံစိုက်လုပ်....စိတ်က ဆေးရုံကိုပဲ ရောက်မနေနဲ့....ဂရုစိုက်သွားအုံးသား...."

" ဟုတ်ကဲ့...သွားပီဗျ...."

ပြဿနာတွေဖြစ်ပီးနောက်ပိုင်း Taehyung ကုမ္ပဏီကို လက်ဝါးကြီးအုပ်ချင်သူတစ်စုကြောင့် အသဲအသန်ကြိုးစားခဲ့ရသည်....မာမီ့ရဲ့အမဲစက်ကို ဖုံးနိုင်လောက်အောင်ထိ အာဏာအရယူခဲ့ရတာ ပင်ပန်းလွန်းလှသည်....

JOURNEY TO LOVEWhere stories live. Discover now