Part 10

2.4K 221 5
                                    

Audition အောင်ပီးချိန်မှစ၍ Jimin Company ကပေးတဲ့အခန်းမှာပဲ အခြားသင်တန်းသားများနှင့် နေရသည်....ပြင်းထန်လှတဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ရေကုန်ရေခမ်းကြိုးစားခဲ့ရသည်...

ကြိုးစားမှုရလာဘ်အနေဖြင့် ပွဲဦးထွက်ဖျော်ဖြေခွင့်ရခဲ့သည်....မထင်မှတ်ထားလောက်အောင်ပဲ အောင်မြင်မှုရခဲ့ပေမယ့်....မအားလပ်နိုင်သော အလုပ်ချိန်တွေကြား လည်ပတ်ခဲ့ရ၍ Jungkook မျက်နှာလေးကို လွမ်းလှပီ....သူတို့အကြောင်းကိုသိထားသော Namjoon hyung ကိုအပူကပ်ပီး ခွင့်တောင်းလိုက်တော့....နာရီပိုင်းလောက်လေး အပြင်ထွက်ခွင့်ရခဲ့သည်....ဒီနေ့က ချစ်ရသူလေးဘွဲ့ယူမည့်နေ့ဖြစ်သည်.....

" ဘွဲ့ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်ကလေးလေး..."

ပန်းစည်းတစ်ဖက် အရုပ်တဖက်နှင့် ထွေးပွေ့လိုက်တော့ ခါးထက်ဆီသို့တင်းတင်းပြန်ဖက်ထားလေရဲ့....ဒီကလေးလေးဘယ်လောက်လွမ်းနေလဲ သိသာလွန်းလှသည်....ပါးထက်သို့ အနမ်းဖွဖွပေးလိုက်ပြန်တော့....မျက်လုံးပြူးလေးနှင့် ဘေးဘီကိုလိုက်ကြည့်နေသေးသည်....လူရှင်းသည်သေချာမှ နှုတ်ခမ်းထက်သို့ ခြွေချလေသော အနမ်းတစ်ပွင့်....

" ဝါး....ပင်ပန်းခဲ့သမျှ ဒီအနမ်းလေးနဲ့ အားဖြစ်သွားပီ "

" အားရောအားလို့လားအသဲလေးရယ်....သတင်းထောက်တွေတွေ့သွားရင် ဘယ်လိုလုပ်မလဲ....

ငုံ့ကျသွားသော မျက်နှာလေးနှင့်အတူ....

" ကိုယ့်ချစ်သူလေးဘွဲ့ယူတာတောင် မလာရဘူးလား....အဲ့ဒါဆိုလဲပြန်တော့မယ် "

" မဟုတ်ရပါဘူးဗျာ....လွမ်းလွန်းလို့ ခုမှအလွမ်းဖြေရမှာပါ...ကျနော်က Hyung မလာတော့ဘူးထင်နေတာ "

" ဝမ်းနည်းသွားတယ်ပေါ့...."

" hyung မလာရင် တန်းစီနေတဲ့ကောင်မလေးတွေထဲကတစ်ယောက်ကိုပဲ လာခိုင်းတော့မလို့လေ "

" Yarr....Jeon Jungkook....ထပ်ပြောကြည့်လိုက်စမ်း "

" ဟီး....ဘာမှမဟုတ်တော့ဘူး...လာ...ဟိုဘက်မှာ Taehyung တို့ Yoongi တို့ရှိတယ်.."

Jimin အနေဖြင့် Taehyung ကို ဆက်ဆံရေးတန်းသွားပေမယ့် Taehyung ဘက်ကတော့ အပြုံးမပျက်...Jimin ကို သေမလိုအကြိမ်ကြိမ်တောင်းပန်နေပြန်တော့....အရင်လောက်မခင်တော့ပေမယ့် သူငယ်ချင်းစာရင်းကတော့ ဖျက်မပစ်မိခဲ့.....

JOURNEY TO LOVENơi câu chuyện tồn tại. Hãy khám phá bây giờ