Part 24

1.5K 147 16
                                    

🌚🌚
Taehyung ရာသီဥတုသာယာနေသည်ကို ငေးလို့ကောင်းတုန်း....

" ယောင်းငယ်...ဇက်ညောင်းလိမ့်မယ်လေ....ဘာတွေဒီလောက်ငေးကောင်းနေတာလဲ...."

" အင်္ဂလန်ကို ခုလိုခပ်ကြာကြာနေလိုက်မှ အရမ်းကြိုက်သွားလို့ Hyungie...ညောင်းတော့ညောင်းတယ်....ဟီး...."

" ဒါဆိုရင် Hyung နှိပ်ပေးမယ်လေ...."

" အာ...ရတယ်...အဲ့လက်လေးက ကျနော်အာဘွားပေးဖို့...."

Taehyung အကူညီတောင်းချင်ပေမယ့် အားနာမိသည်....တစ်ကိုယ်လုံးညီးစီစီဖြစ်နေ၍ ရေချိုးချင်ပေမယ့် ချစ်သူနုနုထွတ်ထွတ်လေးကို ရှက်မိနေပြန်သေးသည်...စိတ်ချင်းနားလည်နေသည့်အလား....

" ယောင်းငယ်...ရေချိုးမလား....အန်တီပြန်သွားထဲက မချိုးဖြစ်သေးဘူးမလား....အဝတ်စားတွေချွတ်လိုက်....Hyungie ချိုးပေးမယ်...."

" အာ...ရ...ရပါတယ်...မာမီပြန်လာမှ..."

" ညစ်ပတ်အိုးလေး....ဒီကရာသီဥတုအေးနေလို့ပေါ့...နို့မို့ဆို အနံ့တွေထွက်နေမှာ....အန်တီပြန်မလာမချင်း တစ်ပတ်လုံးလုံးရေမချိုးတော့ဘူးလို့ ဆုံးဖြတ်ထားတာပေါ့...."

" ညစ်ပတ်တယ်ဆိုမချစ်တော့ဘူးပေါ့...."

Hoseok pov...
ဒီကလေးခြေထောက်ဖြစ်ပီးမှ သိပ်အားငယ်တတ်တာပဲ...အရင်လို အခြေနေလေးအတိုင်း ပြုံးနေနိုင်အောင် Hyungie ကြိုးစားပါ့မယ်ယောင်းငယ်ရယ်....အမလေးတွေးရင်း ကြက်သီးထလိုက်တာ

Hoseok ကိုယ့်အတွေးနဲ့ကိုယ် ကြိတ်ရယ်မိတော့...

" တစ်ယောက်ထဲ ရယ်နေတာ...အဲ့အတွေးထဲမှာ ကျနော်ရောပါလား Hyungie.....ရေချိုးပေးရင်း အသားယူမလို့တွေးနေတာတော့မဟုတ်ပါဘူးနော်..."

​ပြောလဲပြော သူ့အောက်ပိုင်းကိုလဲ လက်နဲ့အုပ်ထားပီး စနေပြန်သေးသည်....

" ဟေး.....တော်ပီ...မစနဲ့တော့...လာရေချိုးမယ်...အင်္ကျီချွတ်..."

" Nurse....Nurse ခေါ်လိုက်မယ်လေ...."

" ရတယ်....Hyungie ကိုယ်တိုင်ချိုးပေးမယ်...."

ပြောရင်းဆိုရင်း အဝတ်စားတွေချွတ်ပေးလိုက်တော့ အဆီပိုမရှိ ကျစ်လစ်တောင့်တင်းသော ခန္ဓာကိုယ်လေးက မြှူဆွယ်နေပြန်သည်....အောက်ခံ Boxer လေးတစ်ထည်ထဲနှင့် ပွေ့ချီခဲ့လိုက်ပီး ရေချိုးခန်းထဲတွင် နေရာချပေးလိုက်သည်

JOURNEY TO LOVEWhere stories live. Discover now