Part 1

11.2K 511 25
                                    

Journey to Love
Part 1
ခမ်းနားလှသော Jeon စံအိမ်ကြီးထဲတွင် တူညီဝတ်စုံများအစီအရီ....လှုပ်ရှားနေကြသလို....အမိန့်ပေးနေသော အိမ်ထိန်းကြီးမှာလဲ....နေ့စဉ်အလုပ်တစ်ခုဖြစ်သော...အိမ်ကြီးရှင်သခင်လေးကိုနှိုးရပေအုံးမည်...
အိမ်ထိန်းကြီးအဖို့....အိမ်ကြီးရှင်လေးကိုနှိုးရမည်ထက် ကျားဖင်သာပြေးဆွဲလိုက်ချင်သည်

" သခင်လေး....Jungkook.....မနက်ကျောင်းသွားဖို့ထရပါတော့မယ် "

နှိုးနေရင်းဝဲပျံလာသော ခေါင်းအုံးတစ်လုံး....ကြာကြာနေရင် နှိုးစက်နာရီကအစ ပန်းအိုးအဆုံးပါလာမည်ကို သိနေသောကြောင့်....

" သခင်ကြီးမနက်စာစားဖို့စောင့်နေပါတယ်....မြန်မြန်လုပ်ဖို့လဲမှာလိုက်ပါတယ်သခင်လေး "

နားနှစ်ဖက်ကိုပိတ်ပီးအိပ်နေသော အိမ်ကြီးရှင်လေးထံမှ....အသံတိုးတိုးထွက်လာသည်

" ဟား နားညည်းလိုက်တာဗျာ....မစောင့်နိုင်ရင် မစောင့်နဲ့လို့....ကိုယ့်မိန်းမနဲ့ကိုယ် စားနှင့်လို့ "

" သ....သခင်လေး....."

" မသွားသေးဘူးလား....တွေ့ရာနဲ့ကောက်ပေါက်လိုက်လို့....သွားပြောချည်လေ "

" ဟုတ်.....ဟုတ်ကဲ့သခင်လေး "

Jungkook လဲအိပ်ရာထဲတွင်....ပေကပ်အိပ်နေလိုက်ပြန်သည်......ခဏအကြာ တံခါးခေါက်သံနှင့်အတူဝင်လာသော ခြေသံသေးသေးတစ်ခုကြားလို့ နားစွင့်ကြည့်မိတော့....အရှုပ်ထုပ်သူငယ်ချင်းနှစ်ကောင်.....

" ဟိုးထားဆရာ.....ကျနော်မျိုးတို့သခင်လေးကိုအိပ်ရာလာနှိုးတာပါခင်ဗျ.....ထတော်မူပါတော့ဗျ "

" Jungkook ထကွ....ကျောင်းနောက်ကျလိမ့်မယ်....ဒီနေ့မနက်သင်မယ့် lecture က အရေးကြီးတယ်ကွ "

ဒီစကားက ပုလင်းဖင် MinYoongi ​၏ လက်သုံးစကား....စံပြကျောင်းသားများဖြစ်သော Taehyung နှင့် Yoongi မှာတော့ ကျောင်းသွားဖို့ တာဆူနေသလို.....ကျောင်းသွားဖို့ကုပ်နဲ့ကော်ထုပ်ရတဲ့ထိ ပျင်းသော Jungkook တို့မှာ....ဘယ်လိုပေါင်းမိသွားလဲပင်မသိတော့....တစ်ယောက်နှင့်တစ်ယောက် သိပ်ချစ်ကြသည့် Friendship လေးက...ထာဝရခိုင်မြဲနေမည်လား မည်သူမျှမသိနိုင်တော့ချေ

JOURNEY TO LOVEWo Geschichten leben. Entdecke jetzt