Part 13

1.9K 190 11
                                    

Jimin မကြာမီကထွက်ရှိထားသော album အသစ်လက်မှတ်ထိုးပွဲသို့ ရောက်ရှိနေသည်...ခဏအကြာတွင် ပွဲစတင်မည်ဖြစ်၍ နားနေခန်းတွင် စိတ်လှုပ်ရှားမှုများငြိမ်သက်စေရန် အနားယူနေလိုက်သည်....မန်နေဂျာhyung ဝင်လာပီး...

" Jiminie....အတွက်ပါဆယ်ရောက်နေတယ်...အန္တရာယ်ကင်းမကင်းတော့ Hyung စစ်ကြည့်ပီးပီ....ဘေးစားပွဲပေါ်တင်ထားခဲ့မယ်နော်...."

" ရတယ်Hyung....ခုတစ်ခါထဲဖွင့်ကြည့်လိုက်မယ်လေ....ကျနော့ကိုဖောက်ဖို့ဓားလေးလှမ်းပါအုံးhyung...."

Jimin ဖောက်ကြည့်လိုက်တော့ Fan တို့ရဲ့ထုံးစံအတိုင်းချစ်စရာ အရုပ်ကလေးများ...လက်ဆောင်ပစ္စည်းသေးသေးလေးများ....ချစ်စရာပိစိလေးတွေကြောင့် စိတ်ပျော်ရွှင်ခဲ့ရသည်....ထူးထူးခြားခြားယုန်ရုပ်လေးပင် ပါလာခဲ့သည်

လက်ဆောင်လေးများကုန်သည်အထိ ထုတ်ကြည့်လိုက်တော့ posrcard လေးတစ်ခုနှင့်အတူ ပုံလေးနှစ်ပုံ...

နှစ်ပုံလုံးက Jungkook နဲ့ ဘယ်သူမှမသိအောင် date တုန်းကပုံ....မန်နေဂျာhyung တောင်မသိသည့်date ကပုံ...နှစ်ပုံလုံးက Jungkook မျက်နှာကိုတော့ မှင်နီတားထားသည်.....

စိုးရိမ်စိတ်နဲ့ postcard ကိုဖတ်ကြည့်တော့....

📨 အရမ်းလှတယ် ရွှေမင်းသားလေးရယ်....အဲ့လောက်လှနေရင် ကျနော်စိတ်မချတော့ဘူးဗျ....Jeon Jungkook နဲ့အတူရှိနေတာလဲ လုံးဝမကြိုက်ဘူးဗျာ....ကျနော့ရွှေမင်းသားလေးကို စိတ်မချလွန်းလို့ အဲ့ကောင်ကို သတ်ပစ်မိမလားမသိဘူး....
​ရွှေမင်းသားလေးက ကျနော့ကိုလူသတ်သမားမဖြစ်စေချင်ရင် Jeon Jungkook နဲ့ထပ်မတွေ့ပါနဲ့တော့နော်....အရမ်းချစ်တယ်ရွှေမင်းသားလေးရယ်....ပွဲမှာတွေ့မယ်နော် 📨

Jimin အသိပြန်ဝင်လာတော့ ပါဆယ်ပို့သူကို လိုက်ရှာပေမယ့် ဘယ်သူပို့လိုက်မှန်း မသိခဲ့ရ....

Jimin pov....
မဟုတ်ဘူး...ဒါငါတို့ကို သက်သက်ကွဲအောင်လုပ်နေတာ....မင်းကျော်ဖြတ်နိုင်တယ် Jimin....မောင်...မောင့်ကိုဖုန်းဆက်ရမယ်....

Jimin အလွတ်ရနေသော နံပါတ်လေးကိုနှိပ်လိုက်တော့ တဖက်ကပြန်ထူးသံလေးကြောင့် စိတ်အနည်းငယ်ကြည်လင်သွားရသည်...

JOURNEY TO LOVETahanan ng mga kuwento. Tumuklas ngayon