Part 33

1.1K 105 2
                                    

Jiminကိစ္စဖြစ်ပီးထဲက Solar တစ်ယောက် training တွေအပေါ်စည်းကမ်းပိုတင်းကျပ်လိုက်သည်....ညတိုင်းလုံခြုံရေးအရ Training တွေရဲ့ အခန်းတွေထဲ ဝင်စစ်ဖြစ်သည်....Jungkook တို့အခန်းဆီရောက်တော့....

" Jungkook shi နဲ့ BamBam shi.....အခန်းထဲမှာ ဘာတွေဖွက်ထားလဲ....အပစ်ပေးမခံချင်ရင် ထုတ်ပေးပါ...."

Jungkook တို့လဲ ဖွက်ထားသောမုန့်များခေါက်ဆွဲခြောက်များထုတ်ပေးလိုက်ရသည်....Staff များအခန်းထဲ နေရာစုံလိုက်စစ်တော့ ကုတင်အောက် ချောင်တစ်နေရာတွင်ပုံးတစ်ပုံး....Staff တွေထုတ်လာတော့ သူတို့တောင်မသိပဲ အံ့ဩရသည်.....

ပုံးထဲကပစ္စည်းတွေက ညစ်ညမ်းခွေများပုံများ ပါလာသည်....ဘာဖြစ်နေလဲ တစ်ယောက်ကိုတစ်ယောက်မေးငေါ့မေးနေကြရင်း ကြောင်စီစီအနေအထားသို့ တွန်းပို့ခံလိုက်ရသည်....

" ဒါဘယ်သူ့ပစ္စည်းတွေလဲ.....ဘာလို့ကုတင်အောက်ရောက်နေရတာလဲ မရှင်းပြကြတော့ဘူးလား...."

" ကျနော်မသိဘူး Solar nim.....ကျနော့ကုတင်အောက်က တွေ့တာပေမယ့် ကျနော့ဟာမဟုတ်ဘူး...."

" Jungkook shi.....ဘယ်လိုဖြစ်ရတာလဲ...."

" Noona....BamBam တို့မသိဘူး....Jungkook ကလဲ ဒီလိုမကြည့်တတ်တာ ကျနော်သိတယ်...တစ်ယောက်ယောက်ချောက်ချတာနေမယ်...."

" သေချာလား Jungkook shi...."

Jungkook မျက်လုံးထဲသေချာစိုက်ကြည့်ပီး Solar မေးလိုက်တော့ အရိုးခံအတိုင်းရှိနေသောကြောင့် BamBam ကိုထပ်ကြည့်လိုက်တော့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြနေပြန်သောကြောင့် တစ်ခုခုတော့မှားပီမှန်း သိလိုက်သည်.....

" Jimin ကိစ္စဖြစ်ပီးထဲက သတိထားနေတဲ့ကြားက ခြေတစ်လှမ်းနောက်ကျသွားပြန်ပီ.....တောက်...."

" Jimin....ကိုကို....Jimin hyung ဘာဖြစ်လို့လဲ Solar nim...."

" aww....အရေးမကြီးပါဘူး...ဖုန်းပြောဖြစ်ကြတယ်မလား...."

" ဘာမှမပြောဘူးကျနော့ကို....."

" အဲ့လိုဆို အရေးမကြီးလို့ပေါ့ကွယ်....ပီးတော့မင်းတို့နှစ်ယောက် အပစ်ကတော့ရှောင်လို့မရဘူး...အမက အများနည်းတူ အပစ်ပေးမှရမယ်....

အားလုံးတစ်ခြားအခန်းတွေစစ်နှင့်ပါ....ကျမပီးရင် လိုက်ခဲ့ပါ့မယ်...."

JOURNEY TO LOVEDove le storie prendono vita. Scoprilo ora