Part 6

2.8K 284 19
                                    

Jimin တစ်ယောက် Jeon အိမ်သို့ပထမဆုံးရောက်သည့်မနက်....မာမီကိုကူလုပ်ပေးနေစဉ်.....တစ်အိမ်လုံးဆူညံနေ၍ လန့်သွားသည်....အိမ်ကြီးရှင်လေးကတော့ အမိန့်တွေတစ်သီကြီးပေးနေလေရဲ့......

" ဟိတ်....ထိမိမယ်.....သေချာလုပ်ကြ...အိမ်သုတ်ဆေးနံ့မခံနိုင်လောက်ဘူး....အနံ့မပါတဲ့ဆေးပဲသုတ်မယ်....
Airconကို အဲ့မှာမတပ်နဲ့လေ....ကုတင်ထားမယ့်နေရာနဲ့ တည့်တည့်....အအေးပတ်မှာပေါ့....ရေချိုးခန်းထဲကကြွေပြားတွေကို ခြေမချော်မယ့်ဟာနဲ့.....အကုန်ပြန်လဲမယ်....
ဟာ.....ခေါင်းအုံးစွပ်က ပိုးသားပဲသုံးမယ်ပြောထားတယ်လေ....အသုံးကိုမကျဘူး....ခုချက်ချင်းပြန်လဲ.....အားလုံးကိုသုံးရက်အတွင်း ပီးချင်တယ်...."

" သခင်လေး.....တစ်ခန်းလုံးDecoration ပြန်ဆင်ရမှာဆိုတော့....တစ်ပတ်လောက်....."

" မလိုချင်ဘူး....နေ့ညလုပ်ကြ....ပီးတော့ အဝတ်တွေမှာထားတာခုထိမရောက်သေးဘူးလား....ဘယ်ချိန်ရှိပီလဲ....နောက်နာရီဝက်နေလို့မှမလာရင်...ပြသနာတက်သွားမယ်လို့ဖုန်းဆက်လိုက်....."

စိတ်ညစ်ညစ်နှင့်အောက်ဆင်းလာသော....အိမ်ထိန်းကြီးကို Jimin စပ်စုကြည့်လိုက်တော့.....

" Arjushi....Jungkook ဘာလုပ်နေတာလဲ....တစ်အိမ်လုံးလဲဆူညံနေတာပဲ "

" မသိပါဘူးအကိုလေးရယ်....မနက်ထဲကဒီပုံစံဖြစ်နေတာပဲ.....သခင်လေးရဲ့ဘေးခန်းက အသင့်နေလို့ရနေတာကို....အကုန်ပြန်ပြင်ခိုင်းနေတာ...."

" သူ....မနက်စာစားပီးပီလားArjushi...."

" မစားရသေးဘူးအကိုလေး....ကျနော်နောက်ကျလို့...အဆူခံနေရမှာစိုးလို့ သွားတော့မယ်နော် "

" Nae....."

Jimin လဲမာမီ့ဘက်လှည့်ပီး....

" မာမီ....ခါတိုင်းလဲဒီလိုပဲလား...."

" အင်း.....မာမီဒီအိမ်ရောက်နေတဲ့အတောတွင်းတော့...ဒါပထမဆုံးမြင်ဖူးတာပဲ....ရော့သားအတွက်ပြင်ပေးထားတာ....စားလိုက်အုံး "

" သားအပေါ်မှာပဲ စားလိုက်တော့မယ်နော် "

" သားငယ်လေး....မာမီသိတယ်နော်....Jungkookie အတွက်ယူသွားမှာမဟုတ်လား....ကျွေးပီးပြန်ဆင်းလာခဲ့...သားအတွက်ထပ်ပြင်ထားပေးမယ် "

JOURNEY TO LOVEWhere stories live. Discover now