Part 17

1.6K 160 6
                                    

Jimin ကို ဆုပေးပွဲသွားရန် လာခေါ်သော မန်နေဂျာNa ကိုမြင်လိုက်ရသည်မှာ မျောက်အိုကြီးမိတ်ကပ်လိမ်းထားသလို မျက်တွင်းဟောက်ပက်နှင့် ဖြူစွတ်စွတ်အသားအရေတို့ကလဲ မွဲခြောက်နေသည်...အကောင်းစားCC /BB cream သို့ foundation ပင် မဖုံးနိုင်....

Jin လဲ ရယ်ချင်စိတ်ကို မနဲပြန်ထိန်းလိုက်သော်လည်း မျက်နှာပိုးသတ်မရသောအကျင့်အတိုင်း ခွိခနဲရီမိပြန်သည်....ထို့နောက်စီစဉ်ထားသည့်အတိုင်း...

" ခွိ...aww...မန်နေဂျာကြီး မင်လေးကအပေါ်ထပ်မှာရှိတယ်....တက်သွားလိုက်လေ....မင်လေးစောင့်နေတယ်...."
( Jimin ကိစ္စများ​၏ တရားခံကိုသိပီးသည့်နောက် Dorm တွင်မနေဖြစ်တော့ပဲ Jeon စံအိမ်တွင်သာ နေဖြစ်ခဲ့သည်....Namjoon hyung ကအစကသဘောမတူချင်ပေမယ့် Jin hyung ​၏ စကားတစ်ခွန်းကြောင့် သဘောတူခဲ့ရလေသည် )

အပေါ်ထပ်ရောက်တော့ အခန်းတံခါးခေါက်လိုက်ပီး ဝင်ခွင့်တောင်းလိုက်သည်

" ဒေါက်...ဒေါက်...ဒေါက်..."

" ဝင်ခဲ့ပါ...aww...hyung ကျနော့ကိုကူညီပါအုံး....နက်ကတိုင်ကအဆင်မပြေဘူးဖြစ်နေလို့...."

" မှန်းစမ်း....Hyung ကူကြည့်ပေးမယ်...."

Jimin ကို နက်ကတိုင်အဆင်ပြေတာလေးရွေးပေးလိုက်တော့ အကြည့်တို့က သူ့လက်ကိုရောက်လာသည်...စက္ကန့်ပိုင်းကြာကြာကြည့်လိုက်ပီး လက်ကိုဖမ်းဆွဲလာသောကြောင့် တုန်သွားသည်အထိပင် လန့်သွားခဲ့ရသည်

" Hyung.... လက်ကအပူလောင်ထားတာလား....ရဲနေတာပဲ Hyung ရယ်....ဖူး..ဖူး...တော်တော်နာမှာပဲ....ဘာဖြစ်ရတာလဲဗျာ...."

မနေ့က Kim Taehyung ပခုံးကိုဖက်ပီးထွက်သွားထဲက အဆင်မပြေသောစိတ်တွေက ဖုန်းထဲရောက်လာသောပုံများကြောင့် စိတ်ငြိမ်ဆေးပင်သောက်ရသည်အထိ ရုပ်ပျက်ခဲ့သည်....နောက်ဆုံးပေးဆပ်လိုက်ရသည်က လက်တစ်ဖက်...နာကျင်မှုတွေပြေပျောက်မလားအတွေးဖြင့် လက်ပေါ်ဖယောင်းစက်တို့ချခဲ့သည်....အပြင်ကအပူက ရင်တွင်းကအပူကိုငြိမ်းနိုင်မလားဆိုသည့်အတွေးတိမ်တိမ်ကြောင့် ဖယောင်းတိုင်တစ်တိုင်ပီးတစ်တိုင်သာ ကုန်သွားသည်....ပူလောင်မှုက ပိုတိုး၍သာ.....

JOURNEY TO LOVEWhere stories live. Discover now