Part 9

2.3K 215 6
                                    

Jungkook ရဲစခန်းတွင်အမှုဖွင့်ရန်သွားနေသော Jiminနောက်ခပ်လှမ်းလှမ်းမှ အရှေ့ကလူသားလေးနှစ်ဦးသတိမထားမိအောင်....လိုက်လာခဲ့ရသည်......

📩 အသဲလေး ဘယ်မှာလဲ....ကျနော်နောက်ကျသွားတာ တောင်းပန်ပါတယ်နော် 📩

📩 ရတယ် Kookie....Hyung အဆင်ပြေတယ်....ခုရဲစခန်းမှာအမှုဖွင့်ဖို့ရောက်နေတာ 📩

Jungkook လဲ ရဲစခန်းအပြင်ဖက်မိနစ်အတော်ကြာနေလိုက်ပီးမှ ဝင်လာခဲ့သည်....သူ့ကိုမြင်တာနဲ့ အားကိုးတကြီးလာဖက်သော Hyung သေးသေးလေး ဘယ်လောက်ကြောက်နေလိုက်မလဲလေ

" အဆင်ပြေသွားပီနော်....ကျနော်အချိန်မှီမလာနိုင်တဲ့အတွက် တောင်းပန်ပါတယ် Hyung ရယ်....မကြောက်နဲ့တော့နော် "

" ရတယ် Kookie....ခုHyung အနားမှာ Kookie ရှိနေပီပဲ...."

Jungkookတို့လဲ လုပ်စရာရှိသည်များလုပ်ပီး....အိမ်ပဲတန်းပြန်လာခဲ့သည်....Jimin ပြိုင်ကားနီနီလေးက အိမ်ရှေ့ရပ်သွားပေမယ့် ပိစိလေးကမဆင်းသေးပဲ လူကိုအနုစိတ်ထိုင်ကြည့်နေပြန်သေးသည်....Jungkook ပြန်ကြည့်လိုက်တော့လဲ ရှက်နေပြန်ပီး ခေါင်းလေးငုံ့သွားပြန်သည်....ခေါင်းငုံ့နေရင်းတန်းလန်းမှ ရုတ်တရက်.....

" အား...Kookie....အား...."

" ဘာဖြစ်လို့လဲ....ဒဏ်ရာတွေကနာနေလို့လား "

" မဟုတ်ဘူး ဒီနားလေးကယားလို့....ကုတ်ပေးပါ့လားလို့ "

ဝဲဘက်ရင်အုံကို လက်ညိုးသေးသေးလေးနဲ့ထိုးပီး ချစ်စဖွယ်ပြောနေသည့်ကလေးပေါက်လေးပါပင်....

" ဘယ်နားလဲ....ဒီနားလား....မွမွ...ဘယ်နားထပ်ယားသေးလဲ "

" တစ်ကိုယ်လုံးပဲ...ဟိ "

Jungkook လဲ တပါးသူခြွေယူထားသော လည်တိုင်နုနုမှ အမှတ်သားတို့ကို....သူ့အနမ်းတို့ဖြင့်ဆေးကြောခဲ့သည်.....သိပ်ချစ်တာမဟုတ်လား....ချစ်ရသူအတွက် အရာအားလုံးစွန့်လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပီလေ....ဒီအမှတ်လေးလောက်နဲ့ ဘာအရေးစိုက်စရာလိုလဲ

Jimin pov.....
ဟင်...သူငါ့လည်ပင်းကအမှတ်တွေမြင်တာဘာမှမမေးပါလား....သူ...သူငိုနေတာလား...ကျေနပ်ပါပီ....ဖြစ်ပျက်ခဲ့သမျှ ကံဆိုးမှုတွေအတွက် ကောင်လေးရဲ့အနမ်းတစ်ပွင့်နဲ့တင် လုံလောက်ခဲ့ပီ

JOURNEY TO LOVEWhere stories live. Discover now