Part 18

1.6K 153 4
                                    

Jungkook ညက တော်တော်နှင့်မအိပ်ဖြစ်သဖြင့် မျက်စိတို့ကျိန်းစပ်နေချေပီ...သူငယ်ချင်းဖြစ်သူ Eun Woo ကောင်းမှုကြောင့်သာ မနက်တန်းစီမှီသည်....

လေ့ကျင့်ရေးတစ်လျောက်လုံး အိပ်ငိုက်ချင်သည့်မျက်လုံးတို့ကို အသားကုန်ပြူးထားပေမယ့် သတိတချက်အလွတ် ဗျူဟာမှူး​၏ အပစ်ပေးခြင်းခံခဲ့ရသည်...လေ့ကျင့်ကွင်းဆယ်ပတ်ပြေး...ဒိုက်အခါတစ်ရာထိုးပီးနောက် မလှုပ်ချင်လှုပ်ချင် အဆောင်သို့ပြန်လာခဲ့သည်.....

Jungkook ရေမိုးချိုးအပီး သူငယ်ချင်းတစ်စု ဂစ်တာဝိုင်းဖွဲ့တီးနေသည့်နား ယောင်လည်လည်ရောက်လာခဲ့ပြန်သည်....သူ့လက်သံကိုသိသော Eun Woo ​၏ မြှောက်ပေးမှုကြောင့် လက်တို့ကဂစ်တာပေါ်ရောက်သွားသည်နှင့်တပြိုင်နက် အလွမ်းတို့ကနှုတ်ခမ်းဖျားမှ စီးကျလာခဲ့သည်.....

" ဟိုးအဝေးက ပင်လယ်ကြီးရဲ့ အသံကိုကြားရတယ်
မိုးကုပ်စက်ဝိုင်းကိုကျော်လွန်၍....
ပိုပီးကြည်လင်နေတဲ့ နေရာလေးကိုသွားရင်းနဲ့....
Take my hands on....
You are the cause of my Euphoria.....
................Take my hands on....
You are the cause of my Euphoria....
Yay yay yay yay yay...yay....
Yay yay yay yay yay...yay.....Euphoria....."

ငြိမ့်ငြိမ့်ညောင်းညောင်းဂစ်တာသံလေးနှင့်အတူ သာယာချိုကြည်လှသော အသံရှတတလေးက အားလုံး​၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်....

"wow....bravo....JK...JK....JK.....ဖြောင်း...ဖြောင်း..ဖြောင်း...."

အိပ်ခါနီးတော့ အမွှေစိန်Eun Woo ကတိုးတိုးလေးကပ်လာပီး.....

" ဟဲဟဲ....JK...သူငယ်ချင်းလေး...ငါ့ကိုစိတ်မဆိုးနဲ့နော်....မင်းခုဏက သီချင်းဆိုနေတဲ့video လေးကို ငါ့ရဲ့ Youtube channel မှာတင်လိုက်တယ်...

wow...daebak....တစ်နာရီမပြည့်သေးဘူး view တွေ မန့်တွေတက်လာလိုက်တာ....မင်းကို ဘယ်သူလေးလဲ မေးနေကြတယ်ကွ..."

" မင်းကတော့ မွှေပီကွာ....မင်းကအစားသောက် Blogger လေ....တစ်ခါတစ်လေစိတ်အပြောင်းလဲဖြစ်သွားကြလို့ ထူးဆန်းပီးမေးတာနေမှာပေါ့....

ရှုပ်ရှုပ်ရှက်ရှက်ကွာ....နောက်နေ့ကျရင် မေ့သွားကြမှာပါ....ထူးဆန်းမနေနဲ့..."

" ငါလောင်းရဲတယ်....မင်းရောငါရော တာဝန်ပီးကြတော့မှာဆိုတော့ မင်းကိုအဆိုတော်လုပ်ဖို့ ကမ်းလှမ်းခံရလိမ့်မယ်....မင်းက အရမ်းtalent ရှိတာကွ...."

JOURNEY TO LOVEWhere stories live. Discover now