Part 25

1.5K 130 11
                                    

Jin ဦးနဲ့အဆင်ပြေသွားပီးထဲက အလုပ်လုပ်ရတာ တက်ကြွလာသည်.....ပိုသေချာတာတစ်ခုက ဦးအတွက် သူမရှိရင် မဖြစ်သလို သူ့အတွက် ဦးမရှိရင်မဖြစ်ကြောင်း အခိုင်အမာသိလိုက်ရသည်....

Flash back start....
စေ့စပ်ပွဲနေ့....
Namjoon လူကသာ လူကြီးတွေနဲ့ရေလိုက်ငါးလိုက် စကားပြောနေတာ...မျက်လုံးတွေက Jin ကိုလိုက်ရှာနေသည်....Jin ထွက်သွားတာမြင်တော့....

" Noona....ကျနော်အလုပ်ကိစ္စလေးဖုန်းဆက်စရာရှိလို့...ကျနော့ကို ခွင့်ပြုကြပါအုံးဗျ...."

အကြောင်းသိသော Ms.Kim က လက်ကိုဆွဲပီးပြန်ထိုင်ဖို့ပြောပေမယ့် အရာမထင်ခဲ့....ဖုန်းတောက်လျောက်ခေါ်နေတာလဲ ကိုင်သူမဲ့နေတဲ့ ဖုန်းလေးက ဆက်သွယ်မှုဧရိယာပြင်ပရောက်နေသည်တဲ့လေ

စိတ်ဓာတ်ကျပီး ဆိုင်သိမ်းရင် ပြန်လာနေကြလမ်းလေးဘက် ခြေဦးလှည့်မိတော့....တွေ့ပါပီ...ကျနော့ကလေးလေး...တအီအီငိုနေလိုက်တာ ကိုယ်လုံးကြီးကို သိမ့်သိမ့်တုန်လို့လေ.....ပခုံးကျယ်ကျယ်ကြီးတွေတောင် ကျုံ့လို့လေ....

" ကလေး....."

မယုံကြည်နိုင်တဲ့မျက်ဝန်းတွေက မျက်ရည်တွေအပြည့်.....အသံလာရာ ကျနော့ရင်ခွင်ထဲပြေးလာတာ ဝက်ဝံပေါက်လေးအတိုင်းပဲ.....ရင်ခွင်ထဲမှာ အားရပါးရငိုပီး ကျနော့ကျောကုန်းကိုလဲ ဘယ်အငြိုးတွေနဲ့များ ထုနှက်လေသလဲမသိ....

" ဦး....ဘာလာလုပ်တာလဲ....စေ့စပ်ပွဲမပီးသေးဘူးမလား..."

" အင်း....ကလေးက ကိုယ့်မျက်စေ့ရှေ့က ငိုမဲ့မဲ့နဲ့ထွက်သွားတာ...ကျနော်မျိုးက ဘယ်လိုနှလုံးသားနဲ့ အဲ့နေရာမှာ ဆက်ရှိနေရမှာလဲ...ပီးတော့ Krystal နဲ့ကိစ္စကလေ..."

Namjoon ကို ဆက်မပြောနိုင်အောင် နှုတ်ခမ်းတွေကို နာနာကျည်းကျည်း ဆွဲကိုက်လိုက်မိတော့ နှုတ်ခမ်းဒေါင့်လေး ပေါက်သွားလေရဲ့....

" မှတ်ပီလား....နောက်တစ်ခါ ကလေးကိုတစ်ယောက်ထဲ ထားခဲ့အုံးမှာလား....."

" ဒီလိုအပစ်ပေးနည်းလေးက ချိုတာကွာ...အပစ်သားလေးကျနော်မျိုးကို ဒီ့ထက်ပိုတဲ့အပစ်ပေးပါ့လားကလေးလေး...."

" ဟားဟား....သွားခုမှလာမချော့နဲ့....တကယ်လဲလက်ထပ်ရဲတာမဟုတ်ပဲနဲ့....တော်ပီပြန်တော့မယ်....."

JOURNEY TO LOVEDove le storie prendono vita. Scoprilo ora