" Taehyung ah...Hyung မအားသေးဘူးလေ...ဘာလို့Practice room ထဲထိ လိုက်လာရတာလဲ...ညနေမှတွေ့နေကျနေရာမှာတွေ့ကျမယ်လေ...."

" ကျနော့ကိုအရူးလုပ်ခံရဖို့ ညနေထိထိုင်စောင့်နေရအုံးမှာပေါ့Hyung...."

" မင်းမူးလာတယ်ထင်တယ်...ဘေးမှာလူတွေနဲ့လေ...ညနေမှ တွေ့ကြမယ်လေ Taehyung ah..."

" ကျနော်ဘာအမှားလုပ်ခဲ့မိလို့ အဲ့လောက်ရက်စက်ရတာလဲဗျာ....ကျနော့ကို နဲနဲလေးတောင် မချစ်ခဲ့ဘူးလား...နောက်ဆုံးအနေနဲ့ ပြောခဲ့ပါဗျာ....Park Jimin ကို သိပ်ချစ်ခဲ့တဲ့ကျနော် ဘာတွေမှားခဲ့တာလဲဗျာ...."

" ချစ်ခဲ့တယ်....ဒါပေမယ့် ညီတစ်ယောက်ထက် ပိုလို့မရခဲ့ဘူး....Hyung တောင်းပန်ပါတယ် Taehyung nah...Hyung...Hyung Jungkookie နဲ့ ထပ်မခွဲပါရစေနဲ့တော့ ကောင်လေးရယ်....Hyung တို့ လမ်းခွဲဖို့အချိန်ကျပီထင်တယ်...."

" မပြောနဲ့....မကြားချင်ဘူး....ကျနော် Hyung ကိုသိပ်ချစ်တာလေဗျာ...လမ်းခွဲမပေးနိုင်ဘူးဗျ..."

Taehyung လေ့ကျင့်ရေးခန်းမထဲ လူရှိသည်မရှိသည် မသိတော့...Jimin နှုတ်ခမ်းလေးကို ဆွဲယူပီး တရှိုက်မက်မက် နမ်းပစ်လိုက်သည်....နောက်ဆုံးအနေနဲ့ဖြစ်ဖြစ် ထိုနှုတ်ခမ်းလေးကို မလွှတ်ပေးချင်...ရင်ဘတ်ကဆောင့်တွန်းခြင်းခံလိုက်ရပီး ပါးပြင်ထက်သို့ ကျရောက်လာသော လက်သီးသေးသေးလေးက သိပ်ကိုအဆိပ်ပြင်းလှသည်လေ....

" မင်းနဲ့ငါနဲ့ဇာတ်လမ်း ဒီမှာတင်ပီးပီ Kim Taehyung...ငါမင်းကိုမမြင်ချင်တော့ဘူး....ငါ့မျက်စိရှေ့ကထွက်သွား...."

" သွားမှာပါ....တသက်လုံးမမြင်ရအောင် ဒီကမ္ဘာကြီးပေါ်ကပါ ပျောက်ကွယ်သွားပေးမယ် Hyung....ဒါပေမယ့် Hyung ကိုသိပ်ချစ်ခဲ့တဲ့ကောင်တစ်ကောင် ဒီကမ္ဘာကြီးပေါ်မှာရှိခဲ့တယ်ဆိုတာ Hyung သတိရပေးပါ...."

Taehyung ဒေါသနှင့် နာကျင်မှုတို့ရောထွေးသွားပီး စိတ်ထဲရှိရာ နာနာကျည်းကျည်းပြောပစ်ခဲ့သည်....ခြေလှမ်းကျဲတို့ကတော့ Entertainment အပြင်သို့လှမ်းလျက်ပေါ့...

" Jiminah...ရရဲ့လား...အဆင်ပြေရဲ့လား..."

" ရတယ် Hoseok...ငါအဆင်ပြေတယ်....Taehyung အရမ်းခံစားသွားရပီထင်တယ်....ငါမှားများသွားပီလားကွာ...."

JOURNEY TO LOVEWhere stories live. Discover now