💜Part (59)💜

3.8K 511 13
                                    

Unicode
System created

                      💜59💜

'ဒေါက်.... ဒေါက်....'

       တံခါးခေါက်သံကြားတော့ မေနန်းဟွား လန့်သွားကာ သူရောက်နေတဲ့အခန်းကို သေချာစစ်ကြည့်လိုက်သည်။ ကြိုးကြာတောင်မြင့်ဂိုဏ်းမှာ လဲ့ကျီက သူ့အတွက် အဆောင်တစ်ခုကို သီးသန့်ပြင်ဆင်ပေးထား၏။ သူတို့ယခုရှိနေသော အခန်းကလည်း သူ့အခန်းပါပဲ။

       ဒီလိုဆို လဲ့ကျီညက သူ့အခန်းကို လိုက်အိပ်ခဲ့တာပေါ့။ ဒါကြောင့် တပည့်တစ်ယောက်က လဲ့ကျီအခန်းကို တံခါးသွားမခေါက်ဘဲ သူ့အခန်းကို ရောက်လာခဲ့တာပင်။

'ဒေါက်.... ဒေါက်....'

"လဲ့ရှစ်ရှုန်း...."
"ငါရှိတယ်.... ဘာကိစ္စလဲ"

"သခင်လေးချီစန်းက ကျွန်တော်တို့ စထွက်ဖို့အတွက် အသင့်ပြင်ခိုင်းနေပါပြီ.... လဲ့ရှစ်ရှုန်းကို ခေါ်လိုက်လို့ပါ"
"ငါသိပြီ ငါလာခဲ့မယ်"

"ဟုတ်ကဲ့"

       ဂိုဏ်းတပည့်လေး ထွက်သွားတော့မှ မေနန်းဟွားလည်း ထိုသူ၏ရင်ခွင်ထဲမှ ထွက်ရတော့သည်။ အခုအချိန်မှာ သူတို့နှစ်ယောက်အတွက် အချိန်များများ မရှိသေးတာကို နှစ်ယောက်လုံးက နားလည်ထားကြသည်။

       အဝတ်လဲပြီး နှစ်ယောက်အတူ တပည့်တွေစုဝေးနေသည့် နေရာသို့ လျှောက်လာခဲ့၏။ သူတို့၏ဆက်ဆံရေးကို အားလုံးက သံသယဝင် သိပြီးသားဖြစ်ကြတာကြောင့် သူတို့အတူယှဥ်တွဲလာတာကို တီးတိုးပြောမည့်သူ မရှိကြတော့ချေ။

       ချီစန်းနဲ့ချီလျန်ဟွက တပည့်များရှေ့တွင်ရပ်လျက် လဲ့ကျီကို စောင့်နေသည့်ပုံဖြင့် လှမ်းကြည့်နေသည်။ သူတို့နောက်တွင်ရှိ တပည့်များကတော့ အယောက်၂၀လောက်သာရှိပြီး ကျန်၃၀ကိုတော့ ဂိုဏ်းကိုစောင့်ကြပ်ရန်အတွက် ထားခဲ့လေသည်။

        ချီစန်းက လဲ့ကျီကိုဘေးခဏထွက်လာရန် မျက်ရိပ်ပြကာ သူတို့နှစ်ယောက် အဖွဲ့နှင့် မနီးမဝေးကို ထွက်သွားသည်။ ချီလျန်ဟွက လဲ့ကျီကိုမျက်တောင်မခတ် လိုက်ကြည့်နေသည့် မေနန်းဟွားထံသို့ လျှောက်လာ၏။

System created (Completed)Where stories live. Discover now