💜Part (57)💜

4K 552 19
                                    

Unicode
System created

                      💜57💜

        ဂိုဏ်းချုပ်ဖုန်းက အမျိုးသမီးတစ်ယောက် ဖြစ်ပေမယ့် သူမဘယ်လောက်သန်မာပြီး ထက်မြတ်သလဲဆိုတာ ကျင့်ကြံခြင်းလောကမှာ မသိတဲ့သူ မရှိသလောက်ပင် ဖြစ်ကာ ဂိုဏ်းချုပ်ချီတောင် သူမနဲ့ယှဥ်ရင် ဒုတိယနေရာ ရောက်သွားနိုင်သည်။

        ဂိုဏ်းချုပ်ဖုန်း၏ အဓိပ္ပာယ်တစ်မျိုး ပါဝင်နေသော အကြည့်တွေ မေနန်းဟွားအပေါ် ကျရောက်နေတာကို လဲ့ကျီ သဘောမကျပါ။ သူကမျက်ခုံးတွေကို တွန်းချိုးပစ်ကာ မေနန်းဟွားကိုတစ်လှည့် ဂိုဏ်းချုပ်ကိုတစ်လှည့် ကြည့်နေသည်။

        ထိုစဥ် ဂိုဏ်းချုပ်ဖုန်းသည် လေအဟုန်ဖြင့် မေနန်းဟွားထံသို့ တစ်စုံတစ်ခုကို လှမ်းပစ်လိုက်သည်။

'ဝှစ်....'

       အားလုံး ဆွံအကုန်ကြသည်။ ဂိုဏ်းချုပ်ဖုန်းက မေနန်းဟွားကိုရည်ရွယ်ကာ ပစ်လိုက်သော်လည်း လမ်းတစ်ဝက်မှာပဲ ကျိုက်လဲ့ကျီက ထိုပစ္စည်းကို ဖမ်းယူထားလိုက်တာ ဖြစ်ပေ၏။

"လဲ့ကျီ....."

       မေနန်းဟွား ခေါ်လိုက်သည်။ လဲ့ကျီ သူဖမ်းယူထားသော အရာကို ဖြန့်ကြည့်တော့ သိဒ္ဓိကျောက်တစ်လုံး ဖြစ်နေသည်။ မေနန်းဟွား တုန်ယင်သွားသလို လဲ့ကျီမျက်နှာဟာလည်း မည်းမှောင်သွား၏။

"ဂိုဏ်းချုပ်ဖုန်းက သိဒ္ဓိကျောက်တုံး တစ်တုံးကိုပစ်ပြီး ကျွန်တော်တို့ကို အခုလိုကြိုဆိုလိုက်တာပေါ့နော်"

"လဲ့ကျီ.... မင်းတကယ်ပဲ မသိတာလား.... ကျင့်ကြံခြင်းတစ်လောကလုံး ပြောနေကြတာ မေနန်းဟွားက သာမန်လူသားတစ်ယောက် မဟုတ်ဘူးဆိုတာလေ"
"အို.... အဲ့လိုပြောနေကြတာလား"

        လဲ့ကျီယခင်ကဆို ဂိုဏ်းချုပ်ဖုန်းကိုကြည့်သော မျက်လုံးတွေက လေးစားမှု အရိပ်တို့ အစဥ်အမြဲ လွှမ်းခြုံနေခဲ့တာဖြစ်၏။ သူတကယ်လည်း အမျိုးသမီးတစ်ဦး အနေနဲ့ ယခုလိုဂိုဏ်းကို ဦးစီးနိုင်တဲ့အတွက် လေးစားခဲ့တာပင်။

        ယခုအချိန်တွင်တော့ လဲ့ကျီမျက်နှာထားက တည်ငြိမ်လွန်းနေတာကို တွေ့မြင်ရလေ၏။ ဤသည်က ဂိုဏ်းချုပ်ဖုန်း၏ စကားကို ဂရုမစိုက်တဲ့ပုံစံ ဖြစ်နေသည်ကို စကားလုံးနဲ့ဖော်ပြရန် မလိုအပ်။ ကြည့်နေသူများဟာလည်း သိနားလည်ကြသည်။

System created (Completed)Where stories live. Discover now