💜Part (48)💜

4K 588 6
                                    

Unicode
System created

                      💜48💜

        သူတို့နှစ်ယောက် ရောက်လာတော့ စားဖိုဆောင်ကို စောင့်ကြပ်ပေးတဲ့ တပည့်လေးက ပြူးကြောင်ကြောင်လေး ဖြစ်နေသည်။ လဲ့ကျီလက်ထဲမှာတော့ အေးစက်နေတဲ့ ညစာတွေ။

       ညအမှောင်ကြောင့်သာ မဟုတ်ရင် နေရခက်နေတဲ့ မေနန်းဟွားရဲ့မျက်နှာကို ထိုအစောင့်လေး မြင်သွားလောက်သည်။ ကံကောင်းစွာနဲ့ မျက်နှာဖုံးကလည်း တပ်ထားခဲ့သည်လေ။

"ဘာကြည့်နေတာလဲ.... ငါတို့အလုပ်ရှုပ်နေလို့ ဒါမစားဖြစ်တာ ဘာလဲ စားဖိုဆောင်က ညလည်းပိတ်တာလား"

        ကျိုက်လဲ့ကျီ ဟောက်လိုက်တော့မှ အစောင့်လေးလည်း ထိတ်ထိတ်ပြာပြာဖြစ်သွားကာ

"မဟုတ်ပါဘူး.... ဝင်လို့ရပါတယ်"

        တပည့်လေးက စားဖိုဆောင်၏ ဂိတ်တံခါးကို ပျာပျာသလဲ သွားဖွင့်ပေးလေသည်။ တံခါးပွင့်ပွင့်ချင်း မေနန်းဟွား ဖျတ်ခနဲ ပြေးဝင်သွား၏။ လဲ့ကျီကိုလည်း သူမစောင့်တော့ပေ။

       ထမင်းစားတဲ့အဆောင်၏ ဘေးကနေ ဖြတ်သွားလိုက်ရင် အနောက်တွင်ရှိသော ထမင်းချက်သည့် အဆောင်ကို ရောက်လေသည်။ ချက်ပြုတ်သူတို့က သူတို့၏အိပ်ဆောင်များတွင် ပြန်အိပ်ကြသည်မို့ စားဖိုဆောင်က ဖယောင်းတိုင်များ အားလုံးကို ငြိမ်းသက်သွားသည်။

        မေနန်းဟွား အခန်းထဲ ဝင်ဝင်ချင်း မည်းမှောင်နေတာကြောင့် သိဒ္ဓိကျောက်တစ်လုံး ထုတ်ရန် လက်ဝါးဖြန့်သော် လဲ့ကျီလက်တစ်ဖက်က ဖြန့်ထားတဲ့သူ့လက်ပေါ်ကို အုပ်မိုးဆုပ်ကိုင်လာသည်။ မေနန်းဟွား ခေါင်းမော့ကြည့်သောအခါ လဲ့ကျီက ပြော၏။

"သိဒ္ဓိကျောက်နဲ့ ခဏခဏ အလင်းမထွန်းပါနဲ့.... တခြားသူတွေက အရှင့်သားကို သိဒ္ဓိမိစ္ဆာနဲ့ ဆက်နွယ်နေတယ်လို့ ထင်သွားကြလိမ့်မယ်"
"အင်းပါ"

       လဲ့ကျီက တံခါးဖွင့်၍ ဝင်သွားပြီး သိဒ္ဓိစွမ်းအင်ဖြင့် တစ်ခန်းလုံးက ဖယောင်းတိုင်များကို မီးထွန်းလိုက်သည်။ ထမင်းချက်သည့် အဆောင်တစ်ခုလုံး လင်းထိန်သွားတော့ လဲ့ကျီသည် သူတို့နှစ်ယောက်အတွက် ညစာကို စတင်ချက်ပြုတ်ရန် ပြင်တော့သည်။

System created (Completed)Where stories live. Discover now