997/998

6.6K 325 9
                                    

သူမ မူးသွားသလို ခံစားချက်ရပြီးနောက်မှာ နဉ်ရှုက သူမရဲ့ မျက်လုံးအစုံကို ဖွင့်လိုက်လေတယ်။ ပြီးတော့ သူမရဲ့ လက်ကို စစ်ဆေးကြည့်လိုက်ပြီး သူမရဲ့ ဝိညာဉ်က အများကြီး မပျက်စီးသွားမှန်း သိလိုက်ရတယ်။

အနာဂတ်မှာ တာဝန်တွေက သူမကို ထိခိုက်စေမှု နည်းတော့ နည်းလာတော့မှာပါ။

"ဒီတစ်ခေါက်ရဲ့ အမှတ်တွေကို စစ်ဆေးကြည့်ရအောင်"

နဉ်ရှုက 2333 ကို ပြောလာတယ်။

"ပြီးတော့ သေဆေးအတုအတွက် ကျေးဇူးပဲ"

နဉ်ရှု ပြောပြီးတာနဲ့ ကိန်းဂဏန်းတွေက သူမရဲ့ မျက်စိရှေ့မှာ ထွက်ပေါ်လာလေတယ်။

sysetem - 2333

အမည် - နဉ်ရှု

အသက် - 27

အတွေ့အကြုံ - 650,000
( + 200,000)

ဝိညာဉ် - 200

ဘဝအရေအတွက် - 60

ညဏ်ရည် - 115

ကံကောင်းမှု - 34

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု - 120

သိုင်းပညာ - 65

သစ္စာရှိမှု - 11 (+3)

ပါရမီ - 31

ကောင်းမှုကုသိုလ် - 36

စွမ်းရည် - သေနတ်ပစ်စွမ်းရည် / အညံ့စား တိုက်ရည်ခိုက်ရည် / အဆင့်နိမ့်ပြိုင့်ဘက်ကင်း သိုင်းပညာ / မဖြစ်စလောက် စီးပွားစီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတ။

ရရှိထားသော ဂုဏ်ပုဒ် - စစ်ပွဲနတ်ဘုရားမ / ကိုယ်ကျိုးမငဲ့သော ဘိုးဘေး။

ကိုယ်ရောင်ကိုယ်ဝါ - ကြီးမြတ်သော လောကမိခင် ( ဧကရီ၏ ကောင်းချီး /
မော်ဒယ်အေးဂျင့် Cheng Xi ၏ ကောင်းချီး / အကြီးအကဲ ရောင်ဝါ *Cao ၏ ကောင်းချီး* / ဘဝတစ်သက်တာ သူငယ်ချင်း (မြောင်မြောင်မြောင် ၏ ကောင်းချီး )။

အရည်အချင်းရမှတ်တွေ စုဆောင်းပြီး နောက်မှာ နဉ်ရှုဟာ တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံခြင်းကို စတင်လိုက်တယ်။

---------------------------------------

အပိုင်း 998 - အကြံပေးဆွေးနွေးခန်း

ခဏတဖြုတ် ကျင့်ကြံပြီးနောက်မှာ နဉ်ရှု 2333 ကို ပြောလိုက်တယ်။

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now