💜Part (3)💜

9.8K 1K 13
                                    

Unicode
System created

💜3💜

သိုင်းလောက လက်နက်တွေကို သဘောကျတတ်တဲ့ သူ့အတွက် system က ရတနာသိုက်ကြီးတစ်ခု ဖြစ်နေသည်။ ယခုသူ့တွင် ဘာလက်နက်မှ မရှိသေးပေ။ ရေပြာတောင်ဂိုဏ်းတပည့်ဆိုသော်လည်း သူ့တွင်ဓားကလေးတစ်လတ်တောင် မရှိရှာ။

သေချာတာကတော့ ယခင်မေနန်းဟွားက အပျော်အပါးမက်တဲ့ သူတစ်ယောက်ဆိုတော့ မိမိကိုယ်ကို ကာကွယ်ဖို့အတွက် လက်နက်ဆောင်ရကောင်းမှန်းလည်း သိပုံမရပေ။ သူကတော့ အနိုင်ကျင့်ခံမည့်သူ မဟုတ်သလို မိန်းမလိုက်စားသူလည်း မဟုတ်လို့ ယခင်မေနန်းဟွားလို လုပ်မည်မဟုတ်ပါ။

("တစ်ရက်ကို မစ်ရှင်ဘယ်နှစ်ခုရှိလဲ....")
["မစ်ရှင်တွေက အဓိကဇာတ်ကောင် အပေါ်မှာ မူတည်ပါတယ်"]

မေနန်းဟွား တိတ်တဆိတ်သာ နေလိုက်သည်။ သူက အဓိကဇာတ်ကောင်ကို ပံ့ပိုးပေးရမယ့်သူလား။ သူကပဲ အဓိကဇာတ်ကောင် ဖြစ်နေသလား မသဲကွဲတော့ပါ။ သူစဥ်းစားနေတာက ကျင့်ကြံခြင်းသိုင်းလောကကြီးမှာ သူဘယ်လိုဆက်သွားရမလဲ ဆိုတာပဲ။

'ဒေါက်.... ဒေါက်.....'

တံခါးခေါက်သံ ကြားလိုက်ရတာမို့ အိပ်မပျော်သေးတဲ့ မေနန်းဟွားသည် ချက်ချင်းတံခါးဖွင့်ပေးရန် ထွက်သွား၏။ ဘယ်သူလဲသူမေးနေစရာ မလိုဘဲ သူ့ဆီလာမှာ တစ်ယောက်တည်းသာရှိတာ သူသိသည်လေ။

အပြင်ဘက်တွင် ညလယ်စာပန်းကန်လေးကိုင်လျက် ကျိုက်လဲ့ကျီသည် တံခါးခေါက်ဖို့ရန်အတွက် အချိန်ယူစဥ်းစားလိုက်ရသည်။ မေနန်းဟွားက သူတိတ်တခိုး ငေးကြည့်ရသူလေးပါ။ မေနန်းဟွားအနားကို ချဥ်းကပ်ခဲ့တာလည်း မေနန်းဟွားဆီက စိတ်ဝင်စားမှုရချင်ခဲ့တာပင်။

သို့သော် မေနန်းဟွားက သူ့ကိုသဘောမကျတဲ့အပြင် အမျိုးမျိုး နှိပ်စက်အနိုင်ကျင့်ခဲ့သေးသည်။ ထိုနာကျင်မှုက သူ့ကိုစိတ်ထိခိုက်စေခြင်း မရှိဘဲ မေနန်းဟွားဟာ ချဥ်းကပ်ရလွယ်ကူသူ မဟုတ်မှန်း သိသွားစေ၏။

ဤအချက်ကိုပင် သူသဘောကျနေခဲ့တာ ဖြစ်သည်။ ဒီနေ့ သူမေနန်းဟွားကို ကယ်ခဲ့လို့ မေနန်းဟွားက သူ့ကိုအချုပ်ထဲအထိ ကိုယ်တိုင်လာပြီး ကယ်တင်ခဲ့သည့်အတွက် သူပျော်ရွှင်ဝမ်းမြောက်သည်။ မေနန်းဟွား သူ့အပေါ် အမြင်ပြောင်းသွားပြီလို့လည်း သူထင်မိ၏။

System created (Completed)Where stories live. Discover now