Part-5

3.4K 60 0
                                    

{တစ်ကျော့ပြန်}
အပိုင်း(၅)
ခတ္တာတစ်ယောက်ညကညဥ့်နက်မှအိပ်ယာဝင်မိတာမနက်လင်းတော့နေမြင့်ပါလေရောဒါတောင်ငယ်လေးလာနှိုးလို့
"...မမ မြန်မြန်ထတော့ ကိုစိုင်းလာရင် မပြီးသေးပဲနေမယ် ထ ထ.. "

"...အင်း ထပြီ ထပြီ ဘယ်ထဲကသွားချင်နေလဲအပြင်ကို ဟမ်း သစ္စာငယ်ဦး တစ်အိမ်လုံးမှာမိုးမလင်းသေးဘူးနင်အရင်နိုးတာနဲ့တင်အကုန်နိုးကုန်ပြီ..ဟူး...တကယ့်အမွှေစိန်.."ခတ္တာကပြောတော့ငယ်လေးကသူမအိပ်ယာပေါ်တက်လာပြီးလာဖက်လေသည်

"...မမကလည်း မမနဲ့ကိုစိုင်းကိုအောင်သွယ်ပေးမို့ဟာကို.."

"...ဒါကလေးပြောရမဲ့စကားလား..."ခတ္တာပြောတော့ခတ္တာရင်ခွင်ထဲခေါင်းထိုးဝင်ရင်းရယ်နေလေသည် တစ်ဦးတည်းသောညီမလေးမို့အသည်းနင့်အောင်ချစ်ရပါသည် ညီမလေးကိုထိတဲ့လူမှန်သမျှခတ္တာခွင့်မလွှတ်နိုင်ပါ
တစ်ဖက်အိမ်မှာကလည်းအသံတွေဆူညံနေလျက်

"...သားစိုင်း သားစိုင်း ထတော့လေ နေမြင့်နေပြီ ဒီနေ့ခတ္တာတို့နဲ့အပြင်သွားရမယ်လေ.."

"...အင်း  ဟင်း    မထချင်သေးဘူး..."

"...စိုင်း..အာ..ဏာ..စဝ်.."

"..ဗျာ.. ထပြီ ဗျာ ထပြီ ထပြီ.."မာတာမိခင်ကသူ့နာမည်ကိုတစ်လုံးချင်းခေါ်လာပြီဆိုရင်ဒေါသထွက်နေ့ပြီမှန်းသိပြီမို့ရေချိုးခန်းထဲတစ်ချိုးတည်း​ေပြေးတော့သည်
အာဏာရေမိုးချိုးပြီးကားသော့ယူကာ ခတ္တာတို့အိမ်ဘက်ထွက်လာခဲ့သည်

"...မမရေ ကိုစိုင်းရောက်လာပြီ.."ခတ္တာရဲ့ညီမသစ္စာငယ်ဦးလေးကသူ့အမကိုလှမ်းခေါ်နေသည်မို့ဒီတိုင်းမခေါ်တော့ပဲစောင့်နေလိုက်သည်

"...လာပြီ ငယ်လေးရေ ..အော် ကိုကို ပြီးရင်သွားကြရအောင်လေနော်.."ခတ္တာကကားရှေ့ခန်းမှာထိုင်ပြီးငယ်လေးကနောက်ခန်းမှာဖုန်းကြည့်ရင်းထိုင်နေသည်

"...ဘယ်ကိုအရင်သွားကြမလဲခတ္တာနဲ့သစ္စာ.."

"...ကိုကိုကြိုက်တဲ့ဆီသာမောင်း...ကိုကို့သဘော.."
အာဏာလည်းသူဝယ်နေကြShopping mallကိုပဲမောင်းလိုက်သည်

"..ကဲ့ အမတို့ရောက်ပြီ ဆင်းလို့ရပါပြီဗျ.."

"...ကိုကိုကဒီကိုအမြဲလာဝယ်တာလား.."

တစ်ကျော့ပြန်Where stories live. Discover now